မကြွေဘဲမနေနိုင်အောင် ချစ်သူလေးကို စကားလေးတစ်ခွန်းနဲ့ ချုပ်လိုက်တဲ့ သူရိယ

မင်းသားချောလေး သူရိယကတော့ သူ့ရဲ့ချစ်သူလေးဖြစ်တဲ့ မင်းသမီးချောလေး ဆုအိမ့်စံကို ချစ်စကားလေးတစ်ခွန်းနဲ့ အချစ်ပိုအောင်ချုပ်လိုက်ပြန်ပါတယ်..။

စုံတွဲပုံလေးတွေနဲ့အတူ “ရွှေရောင်လို ခမ်းနားတဲ့ အချစ်တွေပေးတာမို့ မူပိုင်ယူသုံးပါ..”ဆိုပြီး ချစ်သူလေးကို ချစ်စကားလေးနဲ့ ချုပ်လိုက်တာမို့ ဆုဆုလေးကတော့ သိပ်ကိုရိုတဲ့ ကိုကိုသူရိယကို အချစ်ပိုရပြန်ပါပြီနော်..။

လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ သူတို့ချစ်သုနှစ်ဦးကတော့ ရိုမန်တစ်ဆန်ပြီး ကြည်နူးစရာကောင်းတဲ့ စုံတွဲပုံလေးတွေကိုလည်း မကြာခဏဆိုသလို ပရိသတ်တွေကို မျှဝေလေ့ရှိတာလည်း တွေ့ရပါတယ်..။

ခုတစ်ခါမှာလည်း ဓာတ်ဆရာနေမင်းထွန်းရိုက်ကူးပေးထားတဲ့ စုံတွဲပုံလေးတွေနဲ့အတူ

“ရွှေရောင်လို ခမ်းနားတဲ့

အချစ်ပေးတာ

မင်းလေး မူပိုင် ယူသုံးပါ..” ဆိုပြီး ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်..။

သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ သူတို့ချစ်သူနှစ်ဦးကတော့ အခမ်းအနားပွဲတော်တော်များများကိုလည်း နှစ်ကိုယ်တူ ရွှေလက်တွဲပြီး တတ်ရောက်လေ့ရှိတာလည်း တွေ့ရပါတယ်..။

သူရိယနဲ့ ဆုအိမ့်စံတို့စုံတွဲလေးဟာ ကြည်နူးအားကျစရာကောင်းပြီး ရိုမန်တစ်ဆန်တဲ့ ပုံရိပ်လေးတွေကြောင့်ပရိသတ်တွေအမြဲအားကျချစ်ခင်ရတဲ့ အနုပညာရှင် ဆယ်လီစုံတွဲလေးဆိုလည်း မမှားပါဘူး..။

Photo – Thu Riya & Hsu Eaint San

Loading...

Facebook Comments