ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများအနက် (၁၄) ဦး ပြန်လည် ဖမ်းဆီးရမိ

ဘားအံမြို့၊ စက်တင်ဘာ ၁၇

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများအနက် (၁၄) ဦးကို ယမန်​​နေ့ကပြန်​လည်​ဖမ်းဆီးရမိခဲ့​ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့​​​​မှသိရသည်​။

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများ ပြန်လည်ဖမ်းဆီးရမိရေး ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ မိတ်ဘက်အဖွဲ့အစည်း များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းရှာဖွေခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ရာ စက်တင်ဘာ ၁၆ ရက်နေ့ ည ၇ နာရီအတွင်း အကျဉ်းသား ၁၄ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပါသည်။

ဘားအံမြို့နယ်၊ မိဇံရွာကြီးကျေးရွာတွင် အကျဉ်းသား ဝတုတ်(ခ) စည်သူကျော်၊ (၃၂)နှစ်၊ (ဘ)ဦးမြင့်လှိုင်၊ ဗမာ/ ဗုဒ္ဓ၊ ခတ္တာလမ်း၊ အမှတ်(၂)ရပ်ကွက်၊ မြဝတီမြို့၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ (ထောင်ဒဏ် ၆ နှစ်)၊ ရဲနောင်ဖြိုး (ခ) သဲမောင်၊ (၂၀)နှစ်၊ (ဘ)ဦးအေးထွန်း၊ ဗမာ/ဗုဒ္ဓ၊ ရွှေပြည်သာရပ်ကွက်၊ ရွှေဂွန်းကျေးရွာ၊ လှိုင်းဘွဲမြို့နယ်၊ ရာဇသတ်ကြီး ၃၈၀ (ထောင်ဒဏ် ၁ နှစ်)၊ စောကျော်ပိ၊ (၅၇)နှစ်၊ (ဘ)ဦးကျော်ရွှေ၊ ကရင်/ဗုဒ္ဓ၊ ထူးဂုဏ်ကျေးရွာ၊ စံဖရီးကျေးရွာအုပ်စု၊ ဘားအံမြို့နယ်၊ မူး/စိတ်ပုဒ်မ ၁၉(က) (ထောင်ဒဏ် ၁၃ နှစ်)၊ လက်နက်ပုဒ်မ ၁၉(စ) (ထောင်ဒဏ် ၆လ) တို့ ၃ ဦးအားလည်းကောင်း၊
ဘားအံမြို့နယ်၊ မဲဘောင်ကျေးရွာ၊ ဘားအံ-လှိုင်းဘွဲ ကားလမ်းဘေးရှိ ရွှေနှစ်သက် လက်ဘက်ရည် ဆိုင်ရှေ့တွင် အကျဉ်းသား ဗီလား(ခ) ဇော်ထူး၊ (၁၈)နှစ်၊ (ဘ)ဦးအဒူဇစ်(ခ)ဝေထွန်း၊ ဘင်္ဂါလီ/ အစ္စလာမ်၊ စကားဝါလမ်း၊ အမှတ်(၆)ရပ်ကွက်၊ ကော့ကရိတ်မြို့၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) (ထောင်ဒဏ် ၆ နှစ်) အား လည်းကောင်း၊ ထောင်ဘူးဝအနီးတွင် ပုန်းအောင်းနေသည့် အကျဉ်းသား စောညို(ခ)သိန်းညို၊ (၃၉)နှစ်၊ (ဘ)ဦးလှထွေး၊ ကရင်/ဗုဒ္ဓ၊ အောင်မေတ္တာလမ်း၊ အမှတ်(၂)ရပ်ကွက်၊ သာမညကျေးရွာ၊ ဘားအံမြို့၊ မူး/စိတ် ပုဒ်မ ၁၅ (ထောင်ဒဏ် ၄ နှစ်)၊ ၁၉(က) (ထောင်ဒဏ် ၁၁ နှစ်) အားလည်းကောင်း၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်တောင်ကြောတွင် အကျဉ်းသား ထွန်းထွန်းသန့်(ခ)ကိုနေ၊ (၂၂)နှစ်၊ (ဘ)ဦးဝင်းထွဋ်၊ ဗမာ/ဗုဒ္ဓ၊ ဘုရင့်နောင်လမ်းမကြီး၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့၊ မူး/စိတ် ပုဒ်မ ၁၅ (ထောင်ဒဏ် ၃ နှစ်)၊ ၁၉(က) (ထောင်ဒဏ် ၁၁ နှစ်)၊ ဝဏ္ဏ(ခ) ဖြိုးတေဇာ၊ (၂၈)နှစ်၊ (ဘ)ဦးအောင်ဝင်း၊ ဗမာ/ဗုဒ္ဓ၊ ရေလယ်ကျွန်း၊ အမှတ်(၁)ရပ်ကွက်၊ မြဝတီမြို့၊ မူး/စိတ် ပုဒ်မ ၁၅ (ထောင်ဒဏ် ၄ နှစ်)၊ ၁၉(က) (ထောင်ဒဏ် ၁၂ နှစ်)၊ ပြည်ဟိန်း၊ (၂၈)နှစ်၊ (ဘ)ဦးဝင်းမြင့်၊ ဗမာ/ဗုဒ္ဓ၊ ရေလယ်ကျွန်း၊ အမှတ်(၁)ရပ်ကွက်၊ မြဝတီမြို့၊ မူး/စိတ် ပုဒ်မ ၁၅ (ထောင်ဒဏ် ၄ နှစ်)၊ ၁၉(က) (ထောင်ဒဏ် ၁၂ နှစ်) တို့ ၃ ဦးအား လည်းကောင်း၊ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ နတ်စင်အနီးတွင် အကျဉ်းသား ဇင်အောင်(ခ)မိုးဒီ၊ (၂၂)နှစ်၊ (ဘ)ဦးစံမြင့်၊ ဗမာ/ဗုဒ္ဓ၊ အမှတ်(၃)ရပ်ကွက်၊ ဘားကပ်စံပြကျေးရွာ၊ ဘားအံမြို့၊ မူး/စိတ် ပုဒ်မ ၁၉(က) (ထောင်ဒဏ် ၁၁ နှစ်)အားလည်းကောင်း၊လှိုင်းဘွဲမြို့နယ်၊ တဝန်ဖန်ရကျေးရွာ လယ်ကွင်းအတွင်း၌ အချုပ်သား အောင်ဝင်း(ခ)အပု၊ (၄၂)နှစ်၊ (ဘ)ဦးမောင်ပိန်၊ မွန်/ဗုဒ္ဓ၊ အမှတ်(၂)ရပ်ကွက်၊ ခရားအတွင်း ကျေးရွာ၊ ဘားအံမြို့၊ မူး/စိတ် ပုဒ်မ ၁၉(က) (ဘားအံမြို့နယ်တရားရုံး)၊ ထွန်းထွန်းဦး(ခ)သားသား၊ (၂၅)နှစ်၊ (ဘ)ဦးထိန်လင်း၊ ကရင်/ဗုဒ္ဓ၊ လိုင်နားကျေးရွာ၊ နောင်လုံအနောက်ကျေးရွာအုပ်စု၊ ဘားအံမြို့၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ တို့ ၂ ဦး အားလည်းကောင်း၊
လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ရေဘုတ်ဆည်အနီးတွင် အကျဉ်းသား ကျော်မိန်လ (ခ) အရှောင် (ခ) ကျော်ဖကုလား (ခ) မိန်လ၊ (၃၃)နှစ်၊ (ဘ)ဦးဖာထောင်ထေ့၊ ကရင်/ဗုဒ္ဓ၊ ရွှေပြည်ထောင်ကျေးရွာ၊ ကော့စိန်ဘန်းအောက်ကျေးရွာအုပ်စု၊ ဘားအံမြို့နယ်၊ မူး/စိတ်ပုဒ်မ ၁၉(က)၊ ၂၂(ခ) (နှစ်အကန့်အသတ် မရှိ)၊ မူး/စိတ်ပုဒ်မ ၁၅(ထောင်ဒဏ် ၄ နှစ်)၊ ရာဇသတ်ကြီး ၃၀၂(၁)(ဂ) (တစ်သက်)၊ ရာဇသတ်ကြီး ၃၂၆ (ထောင်ဒဏ် ၁၀ နှစ်)၊ ပြည့်ဖြိုးအောင်(ခ)ကိုဖြိုး၊ (၂၆)နှစ်၊ (ဘ)ဦးကျော်ဦး၊ ဗမာ/ဗုဒ္ဓ၊ ရေပေါ်သောင် ကျေးရွာ၊ ဝတ်ကြီးကျေးရွာအုပ်စု၊ ဘားအံမြို့နယ်၊ မူး/စိတ်ပုဒ်မ ၁၅(ထောင်ဒဏ် ၄ နှစ်)၊ မူး/စိတ်ပုဒ်မ ၁၉(က) (ထောင်ဒဏ် ၁၁နှစ်)၊ အချုပ်သား ကံမြင့်(ခ) ဇော်ကြီး၊ (၂၅)နှစ်၊ (ဘ)ဦးမှော်ရုံ၊ ဗမာ/ဗုဒ္ဓ၊ အမှတ် (၈)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မူး/စိတ်ပုဒ်မ ၁၉(က) တို့ ၃ ဦးအား လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပါသည်။

Source – ကရင်​ပြည်​နယ်​ရဲတပ်​ဖွဲ့

Loading...

Facebook Comments