ရန်ဖြစ်တိုင်း အောင်လက ထွက်သွားလို့ပြောတာခံရတဲ့ ဝိုင်းစု

ဝိုင်းစုခိုင်သိန်းဆိုတာ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက ချစ်စရာဟန်အမူအရာလေးတွေနဲ့ မင်းသမီးလေးအဖြစ် သရုပ်ဆောင်လောကထဲကိုအရင်ဝင်လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ ချိုမြတဲ့အသံလေးနဲ့ သီချင်းအေးအေးလေးတွေဆိုလာခဲ့ပြီး အဆိုတော်တစ်ယောက်အဖြစ်ပြောင်းလဲရပ်တည်လာခဲ့သူလေးလည်းဖြစ်ပါတယ်။ထင်ရာစိုင်းတတ်တဲ့ဒီဇိုင်းနဲ့ သီချင်းအကြမ်းတွေဆိုပြီး ပရိသတ်ရင်ထဲဝင်လာခဲ့တဲ့ အဆိုတော်အောင်လနဲ့ဝိုင်းစုခိုင်သိန်းကို ချစ်သူတွေဖြစ်နေခဲ့လိမ့်မယ်လို့ဘယ်သူကမှမထင်မိခဲ့ကြတဲ့အချိန်တွေရှိခဲ့ပါတယ်။ဒါပေမယ့် တကယ်ကိုချစ်သူတွေဖြစ်နေခဲ့ပြီး နှစ်အတန်ကြာအကြောင်းအမျိုးမျိုးကြောင့် ခေတ္တကွာဝေးနေခဲ့ကြချိန်တွေရှိခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ နှစ်ယောက်သားပျော်ရွှင်စွာရွှေလက်တွဲပြန်ပေါင်းထုပ်ပြီး အနုပညာလမ်းကြောင်းပေါ်ဆက်လျှောက်နေကြပါပြီ။ ဝိုင်းစုနဲ့အောင်လတို့ချစ်သူနှစ်ဦးက 8days TV နဲ့ Interview မှာ ပရိသတ်တွေအတွက် အချစ်ရေးအခြေအနေနဲ့တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးတာအထင်းသားပေါ်နေတဲ့ စကားလေးတွေကို အတူတူဖြေကြားပေးသွားခဲ့ပါတယ်။

ဝိုင်းစုက အောင်လကိုကောင်းဖို့အတွက်ပြင်ခိုင်းရတာမလွယ်ကြောင်းကို “သူကတော်ရုံတန်ရုံမလုပ်ဘူး။သူ့ကိုချော့ပြောရတာ။ စစချင်းဆို မလိုဘူး။ဘာပဲဖြစ်ဖြစ်မလိုဘူးပဲ။ အဲ့ဥစ္စာကို ချော့ပြောရတာနှစ်နှစ်လောက်ချော့ပြောရတယ်”လို့ရယ်မောပြီးဖြေကြားထားသလို

အောင်လကို ပြောင်းလဲလာအောင်မနည်းကြီးစည်းရုံးခဲ့ရကြောင်းကိုလည်း “သူကတော်တော်ခေါင်းကြောမာတဲ့အထဲမှာပါတယ်။ အရင်ကဆို ဖြစ်သလိုနေတယ်။အပြင်သွားရင်လည်းဖြစ်သလိုပဲ။ အကုန်လုံးကိုသူ အေးရာအေးကြောင်းပဲ။ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲနေတယ်။အဲဒါဆိုရင်ဝိုင်းစုက ဒီလိုဒီလိုမျိုးဆိုရင်မကောင်းဘူး။အဲဒါဆိုသူလက်မခံဘူး။သူ့ကိုတစ်ခုခုနဲ့ သာဓကပြရတယ်။ တစ်ခုခုကြုံလာရင် တွေ့လား၊ဒါကြောင့်ဒီလိုဖြစ်တာ အဲ့လိုမျိုးလက်တွေ့ပြရတယ်။ ဒီလိုလုပ်လိုက်ရင် တွေ့လား။ ရလဒ်ကဒီလိုကောင်းတာ။အဲ့လိုမျိုးသူ့ကိုပြောရတယ်။ပြောတော့မှတဖြည်းဖြည်းချင်းလက်ခံလာတာ။”လို့ ချစ်သူရဲ့ခေါင်းကြောမာပုံလေးတွေကိုပြောပြထားပါတယ်။

အောင်လက ရန်ဖြစ်တဲ့အခါတိုင်းမှာထွက်သွားလို့ပဲပြောတဲ့အကြောင်းနဲ့ ဝိုင်းစုက အဲဒါကိုဘယ်လိုတုံ့ပြန်သလဲဆိုရင် “သူနဲ့ပတ်သက်ပြီးဝိုင်းစုတော်တော်လျှော့ရတယ်။ပုံမှန်ဆိုလို့ရှိရင် ဝိုင်းစုတော်တော်စိတ်ကြီးတယ်။ဟိုးအရင်တုန်းကဆို သူသိတယ်။ဝိုင်းစုအခုအများကြီးလျှော့လိုက်တယ်။ ဘာလို့ဆို သူ့ကိုကောင်းစေချင်လို့၊သူ့ကိုပြင်ချင်လို့၊သူခေါင်းကြောမာတာကိုပြင်ချင်တဲ့အတွက် ကိုယ်ကအရင်လျှော့ရတယ်။ တစ်ခုခုသူဖြစ်နေတယ်ဆိုလို့ရှိရင် သူကထွက်သွားလို့ပြောတယ်ဆိုပေမယ့် သူ့မျက်နှာမှာဘာရှိလဲ၊သူ့စိတ်ထဲမှာဘာရှိလဲ သူကထွက်သွားလို့ပြောလိုက်လို့ရှိရင် တကယ်ထွက်သွားရင်သူမရဘူး။ တစ်ခါတစ်လေကျရင် သူပြောလိုက်တဲ့စကားက ဒါမဟုတ်ဘူး၊ဒါဆိုတာသိတယ်။ အဲဒါကြောင့်တည့်တည့်ပြော၊စောင်းမပြောနဲ့ လိုရင်းကိုတည့်ပြောလို့ဆိုရင်တော်တော်နဲ့မပြောဘူး။ အဲဒါဆိုရင်လွှတ်ပေးထားလိုက်တယ်”လို့ ပြောပြနေစဉ်မှာ အောင်လက ဘေးကနေချစ်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေခဲ့ပါတယ်။ ဝိုင်းစုကလည်း ချစ်သူကို ချစ်မျက်စောင်းတွေထိုးရင်း “ထွက်သွားလို့ပြောရင် တကယ်ထွက်သွားလိုက်မှ အဲဒီတော့မှမှတ်မှာ”လို့ ရယ်မောရင်းဖြေထားခဲ့ပါသေးတယ်။

အောင်လက ဝိုင်းစုကြောင့်သူပြောင်းလဲလာခဲ့ရပုံတွေကို “ကွာခြားလာတာကတော့ အားလုံးလည်းမြင်ပါတယ်။ အရင်တုန်းက ကျွန်တော်ကိုယ့်အတွက်ပဲကိုယ်စဉ်းစားတယ်။အခုတော့ သူ့အတွက်လည်းစဉ်းစားတယ်။သူနဲ့ပေါင်းပြီးတော့ ရှေ့ဆက်မယ့်ဟာအတွက်လည်းစဉ်းစားတယ်။ ကျွန်တော်က သူပြောသလိုပဲခေါင်းတော့နည်းနည်းမာတယ်။ ဖြည်းဖြည်းဖြည်းဖြည်းချင်းပဲပြင်ရတာပေါ့နော်”လို့ဖြေကြားထားပါတယ်။

ပရိသတ်ကြီးထဲမှာရော ဝိုင်းစုနဲ့ အောင်လအတွဲလေးကိုချစ်တဲ့သူတွေရှိကြလား။ ပရိသတ်ကြီးလည်းဝိုင်းစုတို့လိုပဲ ကြားထဲမှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နောက်ဆုံးကိုယ်တကယ်ချစ်တဲ့သူနဲ့လက်တွဲပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : nanmalgyi

Loading...

Facebook Comments