ဘုရားဖူးလာသူအား ဆိုင်ကယ်ဖြင့်လိုက်ပို့ပေးမည်ဟုပြောဆိုခေါ်ဆောင်ကာ သားမယာအဖြစ်ပြုကျင့်သူအား ၄ နာရီအတွင်းဖမ်းဆီးအရေးယူ

မန္တလေး၊ စက်တင်ဘာ ၁၆

၁၅.၉.၂၀၁၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် မxxxxx ၁၅ နှစ်၊ ညောင်ဦးမြို့သို့ ဘုရာဖူးထွက်လာခဲ့ပြီး ဘုရားစုံဖူးပြီးနောက် ည ၇ နာရီအချိန်ခန့် ရွှေစည်းခုံဘုရားမှ ရွာသို့ပြန်ရန် ရွှေစည်းခုံလိုင်းကားဂိတ်သို့သွားရောက်ခဲ့ရာ ကားဂိတ်မရောက်မှီ အသက် ၄၀ ကျော်ခန့်ရှိ အမျိုးသား ၁ ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဘယ်သွားမှာလဲဟု မေးမြန်းသဖြင့် xxxxရွာသို့ ပြန်မည်ဖြစ်ကြောင်းပြောရာ အဆိုပါအမျိုးသားမှ ပုဂံမြို့သစ်ထိရောက်မယ် မြို့သစ်ရောက်ရင် နင့်အိမ်ကိုဖုန်းဆက် ဟုပြောသဖြင့် ယုံကြည်ပြီးလိုက်သွားခဲ့ရာ အနောက်ဖွားစောကျေးရွာ အနောက်မြောက်ဘက် ကိုမောက်ကန်(နေ၀င်ချိန်ကြည့်ကုန်းမြင့်) အရောက်တွင် ဆိုင်ကယ်ရပ်ပြီး မxxxx အား လမ်းဘေးချုံထဲသို့ အတင်းဆွဲခေါ်ရာ အော်ဟစ် အကူအညီတောင်းခံသော်လည်း မှောင်မည်းလူပြတ်နေသဖြင့် မည်သူမျှမကြားရဘဲ သတ်ပစ်မည်ဟု ခြိမ်းခြောက်၍ ချုံထဲအရောက်၌

 

သားမယားအဖြစ်ပြုကျင့်ခံခဲ့ရသည်။ ထို့နောက် လမ်းပေါ်သို့ ဆွဲခေါ်လာကာ ဒီကစောင့်နေ ဓာတ်ဆီ သွားထည့်မယ်ဟု ပြောဆိုထွက်သွားစဉ် မxxxxမှာ ထွက်ပြေးလာပြီး စူဠာမဏိဘုရားဈေးတန်းအရောက် တွင် ဈေးတန်းတွင်တွေ့ရှိသူများအားအကူအညီတောင်းခံရာ ဖုန်းဆက်သွယ်ပေးသဖြင့် ပုဂံနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အဖွဲ့ရောက်ရှိလာပြီး ဖြစ်စဉ်အား ပြောပြခဲ့ရာ မxxxxx၏ ပြောပြချက်အရ အခင်းဖြစ်စဉ် ပြုကျင့်သူသည် ရွှေစည်းခုံဘုရားပေါ်တွင် လုံခြုံရေးဝန်ထမ်းဝတ်စုံ ၀တ်ဆင်သည်ကို သတိထားမိကြောင်း သိရှိရ၍ ညောင်ဦးမရဲစခန်းမှ တပ်ဖွဲ့ဝင်တို့နှင့် ချိတ်ဆက်စုံစမ်းရာ တရားခံနှင့် ပုံသဏ္ဍာန်တူသူမှာ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်တွင်ရှိကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေရာ အေးလွင် ၄၃ နှစ်၊ ညောင်ဦးမြို့နေသူအား အခင်းဖြစ်စဉ်က ၎င်းမောင်းနှင်သော ဆိုင်ကယ်၊ ဆိုင်ကယ်စီး ဦးထုပ်နှင့် အတူတွေ့ရှိသဖြင့် အေးလွင်အား ပုဂံနယ်မြေရဲစခန်း (ပ)၇၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Credit :Mandalay Police

Loading...

Facebook Comments