ဒါမျိုးတွေက ရုပ်ရှင်ထဲမှာပဲ တွေ့ဘူးတာပါ… တကယ့် အပြင်မှာတွေ့တာ ရင်ထဲမကောင်းလိုက်တာဗျာ

ဒါမျိုးတွေက ရုပ်ရှင်ထဲမှာပဲ တွေ့ဘူးတာပါ တကယ့် အပြင်မှာတွေ့တာ ရင်ထဲမကောင်းလိုက်တာဗျာ

ဘ၀တလျောက်လုံး မိသားစုတစ်ခုအတွက်ပေးဆပ်လုပ်ကိုင်ခဲ့ရပြီး အိုမင်းမစွမ်းဖြစ်လာချိန်တွင်

အရုပ်လေးတစ်ရုပ်ကိုအဖော်ပြုကာ အိမ်နောက်ဖေးအဆောင်လေးတစ်ခုအတွင်း နေထိုင်နေခဲ့ရသော အသက် ၈၇နှစ်အရွယ် အဘွားဒေါ်တင်တင်….

သူမကိုတာဝန်မယူနိုင်တော့ဟုဆိုကာ ဆည်းဆာရိပ်သို့အပ်နှံတော့လည်း တသက်လုံးသူများစိတ်နှင့်ကိုယ့်ကိုယ်နေခဲ့ရသောအဘွားက ကြည်ကြည်ဖြူဖြူလက်ခံခဲ့သည်။

ဆည်းဆာရိပ်မှ လာရောက်ခေါ်ယူသူများကို အဘွားကအလုပ်တော့မလုပ်နိုင်တော့ဘူးနော်ဟုပြောနေသဖြင့်

အလုပ်လုပ်ရန်မဟုတ်ဘဲ အပြုစုခံဘ၀နှင့်သာနေရမည်ဖြစ်ကြောင်း နားလည်အောင်ရှင်းပြရသေးသည်။ သူမ၏အဖော် ကလေးလေးကိုခေါ်လာလို့ရမလား၊ သူကထမင်းမစားပါဘူး၊

အမြဲတမ်းပြုံးနေတာပါဆိုပြီးမေးလို့ ခေါ်လို့ရပါတယ်ဆိုသည့်အခါ အဘွားမှာသူမ၏အရုပ်ကလေးကိုယူကာ ၀မ်းသာအားရစွာဖြင့် ဆည်းဆာရိပ်သို့ လိုက်ပါလာခဲ့ပါတော့သည်။

photo credit ဆည်းဆာဘိုးဘွာရိပ်သာ

Loading...

Facebook Comments