iPhone 8 plus အတု လိုက်ရောင်းနေမှု (သတိထားကြဖို့ပါ)

iPhone 8 plus အတု လိုက်ရောင်းနေသော တရုတ်နိုင်ငံသား လူလိမ်အကြီးစားပါ

သတိထားကြပါ ရွှေမြန်မာတို့လိမ်နည်း အဆင့်မြင့်သည်

ဌင်းတို့ရောင်းသောဖုန်းများသည် သောင်းဂဏာန်မျှသာတန်သော အပေါစာ တစ်ခါသုံး ဖုန်းများသာဖြစ်ကြပါသည်

ယုံအောင် ပြောတတ်သည်

လမ်းစားရိတ်ကုန်ပြီး ဒုက္ခရောက်နေလို့ တန်ဘိုးကြီး IPhone 8 plus ကိုရတဲ့ဈေးနဲ့ ရောင်းရပါတယ် ကူညီပေးကြပါ ပုံသဏ္ဍာန်ဖန်တီးတတ်သည်။

မြန်မာနိုင်ငံသားများ၏ သနားကြင်နာတတ်သည့်နလုံးသားကို တရုတ်နိုင်ငံသား လူလိမ်ဂိုဏ်းများက ကောင်းကောင်း သဘောပေါက်နားလည်သည်

ဤအခွင့်အရေးကို တရုတ် လူလိမ်ဂိုဏ်းများက ကောင်းကောင်းအသုံးချသည်

တရုတ်နိုင်ငံသား လူလိမ်ဂိုဏ်းများသည် အုပ်စုလိုက် မြန်မာနိုင်ငံတွင်ရှိသောမြို့ကြီးများ ရပ်ကွက်ကြို ရပ်ကွက်ကြား နှင့် ကျေးရွာအနှံ့အပြားသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

မော်လမြိုင်သူ/သားများ စုစုပေါင်း ၁၀ ယောက်ကျော် လိမ်ခံထိထားကြောင်းသတင်းရရှိပါသည်။တစ်ယောက်နဲ့တစ်ယောက် လိမ်ခံထိထားတဲ့ ဈေးနှုန်း မတူညီကြပါ

ဖုန်းတစ်လုံးကို တစ်သိန်းကနေ ၁၁သိန်းအထိရှိကြောင်း လိမ်လည်ခံထိထားသော လူများထံမှ သတင်းရရှိပါသည်။

တာဝန်ရှိသူများ တရားဥပဒေအရ အမြန်ဆုံး ဖမ်းဆီး အရေးယူပေးပါရန်။

ဌင်းလူလိမ်အဖွဲ့ကို တွေ့ရှိခဲ့ပါကအောက်ပါ ဖုန်းနံပါတ်များကို အကြောင်းကြားပေးပါရန် အနူးအညွန့် မေတ္တာရပ်ခံပါသည်။

ဖုန်း – 09970046200
0977110318
Credit:/tawthu

Loading...

Facebook Comments