သုသုနဲ့ ဆုပန်ထွာရဲ့ယောက်ျားတို့ ကိုယ်ဝန်ဖျက်ချဖို့ကိစ္စကို ခိုးတွေ့တိုင်ပင်နေစဉ် လူမိသွားခဲ့တဲ့ ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ နာမည်ကျော် မိတ်ကပ်အလှဖန်တီးရှင် သုသုကတော့ မိတ်ကပ်လောကမှာ ကျော်ကြားသလို အနုပညာလောကမှာလည်း ထင်ရှားအောင်မြင်သူ ဖြစ်ပါတယ်။ အများနဲ့မတူတဲ့ လွတ်လပ်ပေါ့ပါးတဲ့ စကားပြောဟန်၊ စတိုင်လေးတွေကြောင့် ပရိသတ်တွေကလည်း သတိထားမိခဲ့ပြီး အခုဆိုရင် အားလုံးရဲ့ချစ်ခင်အားပေးမှုကို အပြည့်ရရှိခဲ့ပြီဖြစ်ပါတယ်။ အမြဲလိုလို ဟာသဗီဒိယိုအဆန်းလေးတွေကို တင်ဆက်လေ့ရှိပြီး ပရိသတ်တွေကို ရယ်မောစေသူလည်း ဖြစ်ပါတယ်။

အခုလည်း သုသုက မင်းသမီးဆုပန်ထွာရဲ့ လးခင်ပွန်းဖြစ်သူ ဥက္ကာကျော်နဲ့ ခိုးတွေ့နေတဲ့ ဗီဒိယိုလေးတစ်ခုက လတ်တလော လူမှုကွန်ယက်စာမျက်နှာမှာ ရေပန်းစားနေတာ တွေ့ရပါတယ်။ သုသုနဲ့ ဥက္ကာကျော်တို့နှစ်ယောက်က တစ်ယောက်ကို ဖက်နေကြပြီး စကားတွေတီးတိုးပြောနေကြတာ ဖြစ်ပါတယ်၊၊ ဒီလို လူမသိသူမသိ တွေ့ဆုံမှုကို တစ်စုံတစ်ယောက်က ချောင်းမြောင်းကာ ဖုန်းဖြင့်မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်၊၊

ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဒီဗီဒီယိုလေးကို ကိုဥက္ကာကျော်က ”ကိုယ်ဝန်ကို ဖျက်ချသင့်မသင့် တိုင်ပင်နေကြရင်း ခိုးတွေ့နေတာကို လူတွေတော့မိသွားပြီ၊ အိမ်ကမိန်းမလည်းသိသွားပြီ။ ဘာပဲဖြစ်ဖြစ်အကောင်းဆုံးရင်ဆိုင်ကြရအောင်ခွာ… ရမ်းချစ်တယ်” ဆိုပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်မှာတော့ သူတို့နှစ်ယောက်က ဟာသအနေနဲ့ အပျော်သဘောရိုက်ကူးကာ အားလုံးကို ဆေးထိုးလိုက်တဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်၊၊ ကဲ ချစ်ပရိသတ်တွေအတွက် သူတို့နှစ်ဦးရဲ့ လူမိသွားလို့ လန့်သွားတဲ့ရုပ်လေးတွေကို ကြည့်ရှုဖို့ အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Source: Oakkar Kyaw;

Loading...

Facebook Comments