ကျပ်တစ်သောင်းနှင့် ငါးထောင်တန်အတု ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်၌ တွေ့ရှိ

ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်တို့၌ ကျပ်တစ်သောင်းတန်ငွေစက္ကူအတု အရွက် ၃၀ နှင့် ကျပ်ငါးထောင်တန်ငွေစက္ကူအတုလေးရွက်တို့ကိုတွေ့ရှိ၍ ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည်။

ငွေစက္ကူအတုများအပ်နှံ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် သပြေကုန်းရပ်ကွက်ရှိ ဧရာဝတီဘဏ် မြယာကုန်းဘဏ်ခွဲမှ အငယ်တန်းလက်ထောက် စာရေး ကိုခွန်းခန့်ကျော်(၂၂)နှစ်သည် ဘဏ်သို့ လာရောက်အပ်နှံသည့်ငွေများအနက် ကျပ်တစ် သောင်းတန်ငွေစက္ကူအတုအရွက် ၂၀ နှင့်ကျပ်ငါးထောင်တန်ငွေစက္ကူအတုသုံးရွက်တို့ကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ စက်တင် ဘာ ၁၄ ရက်က လာရောက်အပ်နှံခဲ့ခြင်း ဖြစ် သည်။

အလားတူ ယင်းနေ့ညနေပိုင်းကလည်း ဒလမြို့နယ် ဗညားဒလရပ်ကွက်ရှိ ကမ္ဘောဇ ဘဏ် (ဒလဘဏ်ခွဲ)မှ တာဝန်ခံ ဦးသော်ဇေယျ (၄၆)နှစ်သည် ဘဏ်သို့လာရောက်အပ်နှံသည့် ငွေစက္ကူများအနက် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၀ ရွက်နှင့် ကျပ်ငါးထောင်တန် ငွေစက္ကူအတုတစ်ရွက်တို့ကို ရဲစခန်းသို့ လာ ရောက်အပ်နှံခဲ့သည်။

လျှို့ဝှက်ချက်များမပါရှိ

မှုခင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အဆိုပါငွေစက္ကူအတုများသည် စက္ကူသား ချောနေခြင်း၊ ငွေစက္ကူအစစ်ထက် အလျား နှင့်အနံ တစ်မီလီမီတာစီတိုခြင်း၊ အရောင် တောက်ပမှုမရှိခြင်း၊ ရုပ်ပုံတန်ဖိုး ရေစာများ မပါရှိခြင်း၊ အရောင်ပြောင်းလဲမှုမရှိခြင်း၊ ကာလာပရင်တာနည်းဖြင့် တုပထားခြင်း၊ လျှို့ဝှက်ချက်များမပါရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိခဲ့သည်။

Credit :The Myanmar Times

Loading...

Facebook Comments