မြိတ်တွင် ဖခင်ဖြစ်သူမှ ၁၃ နှစ်အရွယ် သမီးအရင်းအား သားမယားပြုကျင့်မှုဖြစ်ပွား

16.9.2018

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် သမီးအရင်းဖြစ်သူအား ဖခင်မှ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သမီးကြီးဖြစ်သူမှ စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီမှာ အမှုလာဖွင့်ကြောင်း မြို့နယ်ရဲရုံးမှ သိရပါတယ်။တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာနေ ဦးသန်းဦး(ခ)ဂျာမာရှာ (၅၉)နှစ်၊ သည် ၎င်း၏ သမီးအရင်းဖြစ်သူ မထွေးထွေးခင်(ခ)လာဘီအာ(၁၃)နှစ်အား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်းသိရပါတယ်။

 

“သန်းဦးတို့လင်မယားရန်ဖြစ်နေလို့ သမီးကြီးဖြစ်တဲ့ မိုးမိုးအေးက သူ့ညီမကို အဖေက သားမယားပြုကျင့်တဲ့ကိစ္စ ကြားသိပြီး ညီမကိုခေါ်မေးတော့မှ အဖြစ်မှန်ကိုသိပြီး တောင်ရှည်ရဲစခန်းမှာ အမှုလာဖွင့်တာပါ။ သန်းဦးက သမီးရင်းဖြစ်တဲ့ ထွေးထွေးခင်ကို သားမယားအဖြစ် ၃ ကြိမ် ပြုကျင့်ခဲ့တယ်။ ပထမအကြိမ်က ၂၀၁၇ နိုဝင်ဘာလမှာ စပီးပြုကျင့်တယ်။ ၂၀၁၈ ဇန်နဝါရီလမှာ ဒုတိယအကြိမ်၊ ဇွန်လမှာ တတိယအကြိမ်ပြုကျင့်ပြီး တခြားသူတွေကိုပြန်ပြောရင် သတ်ပစ်မယ် ပြောလို့ ထွေးထွေးခင် က ပြန်မပြောရဲပဲနေခဲ့တယ်။ “”လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းက ပြောပါတယ်။

သမီးအရင်းဖြစ်သူကို သားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်ခဲ့သူ သန်းဦး(ခ)ဂျာဂျာမာရှာ (၅၉)နှစ်အား တောင်ရှည်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေးယူထားကြောင်းသိရပါတယ်။

Credit-မြတ်ထွဋ် (မြိတ်)
Min.Zin.Than

Loading...

Facebook Comments