သားဖွားဆရာမ မူးယစ်မှုဖြင့် ဖမ်းဆီးခံရခြင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး

ဂန့်ဂေါမြို့မှ သားဖွားဆရာမတစ်ဦး စိတ်ကြွဆေးပြား ၁၈ ပြားနှင့်အတူ ဖမ်းဆီးခံရမှုကို အမှုမှန်ဖော်ထုတ်ရန် ပြည်ထောင်စုအဆင့်နှင့် ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ပြီး နေပြည်တော် စီအိုင်ဒီနှင့် သတင်းရဲတပ်ဖွဲ့ကပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ မြေပြင်ကွင်းဆင်းစစ်ဆေးနေပြီဖြစ်ကြောင်း မကွေးနှင့်စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကပြောသည်။

‘‘မှန်မှန်ကန်ကန်ဖြစ်အောင် အစိုးရအဖွဲ့က အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ အမှန်ကန်ဆုံးဖြစ်အောင် တိုင်းအစိုးရက ညွှန်ကြားထားပါတယ်။ တိုင်းရဲတပ်ဖွဲ့တင် မကပါဘူး။ ပြည်ထောင်စုအဆင့်နဲ့ပါ ဆက်သွယ် ဆောင်ရွက်နေပါတယ်’’ ဟု မကွေးတိုင်းဒေသကြီးသယံဇာတ သဘာဝပတ်ဝန်းကျင်နှင့်လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

ကလေးဝမြို့နယ်၌ တာဝန် ထမ်းဆောင်နေသော အသက် (၄၃)နှစ်အရွယ် သူနာပြုဆရာမ တစ်ဦးသည် နေပြည်တော် တိုင်း(မ်)မီဒီယာအဖွဲ့၊ မှုခင်းနှင့် သတင်းစုံ အဖွဲ့ချုပ်၏ အမှုဆောင်အရာရှိချုပ် ၀ရိန်မိုးကို ကာမလိမ်လည်ရယူမှုဖြင့် ဂန့်ဂေါမြို့နယ်တရားရုံးတွင် ပြီးခဲ့သည့်သုံးလခန့်က တရားစွဲဆို ထားသည်။ စက်တင်ဘာ ၁၁ ရက်က ဂန့်ဂေါမြို့နယ်တရားရုံး၌ အမှုလာရောက်ရင်ဆိုင်စဉ် ၎င်းစီး လာသည့်ဆိုင်ကယ်ကို တရားရုံး အနီး၌ လေးနာရီခန့်ရပ်ထားခဲ့ သည်။ တရားရင်ဆိုင်ပြီးတစ်ဦး တည်းအပြန်တွင် သတင်းရသည် ဆိုကာ ဆရာမ၏ဆိုင်ကယ်ကို ရဲတပ်ဖွဲ့ဝင်အချို့နှင့် အရပ်ဝတ် နှစ်ဦးက တားဆီးစစ်ဆေးပြီး လုပ် ကြံဖမ်းဆီးမှုဖြစ်ကြောင်း သူနာပြုဆရာမ၏မောင် ကိုအဲဇော်က ပြောသည်။ ဆရာမထံတွင် စိတ် ကြွဆေးပါကြောင်း ရဲတပ်ဖွဲ့သို့ သတင်းပေးသူသည် ၀ရိန်မိုး၏ တပည့် နေပြည်တော်အောင် ထိုက်ဆိုသူဟု သတင်းရထား ကြောင်း ကိုအဲဇော်နှင့် ဒေသတွင်း အရပ်ဘက်အဖွဲ့များက ပြော သည်။

‘‘တရားရုံး အထွက်မှာ လောက်ဖမ်းလို့ကောင်းတဲ့နေရာ မရှိဘူးလေ။ မြို့ထဲမှာလည်း မဖမ်းဘူး။ တရားရုံးအထွက်မှာ လည်း မဖမ်းဘဲ မြို့ပြင်အထွက် မှာမှ တားတယ်ဆိုတာသူသာ မရိုးမသားလုပ်ခဲ့မယ်ဆိုရင် ဆိုင် ကယ်တောင် မောင်းပြေးလို့ရ တယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဥပဒေပညာ ရှင်တွေတွေ့ဆုံပြီးတော့ ဒီဟာ ပေါ်မှာ သုံးသပ်တဲ့အခါမှာ ဖြစ် ပေါ်လာတဲ့အခြေအနေအားလုံး ဟာ သွေးရိုးသားရိုးမဟုတ်ဘူး၊ လုပ်ကြံထားတယ်လို့ ကောက် ချက်ချကြတာပေါ့။ ဒါကိုတော့ အမှုမှန်ပေါ်ပေါက်ရေးနဲ့၊တကယ် မဟုတ်ဘူးဆိုရင်တော့ ၀န်ထမ်း ဘက်က မနစ်နာအောင်ဥပဒေ ဘောင်အတွင်းကနေ ကူညီ ဆောင်ရွက်ပြီး တင်ပြပေးရမှာပါ’’ ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောသည်။

ယင်းဖြစ်စဉ်သည် ၀ရိန်မိုး နှင့်တပည့်များက လုပ်ကြံခြင်း ဖြစ်ကြောင်း ကာယကံရှင်၏ မိသားစုဝင်များ၊ ဒေသတွင်းအုပ် ချုပ်ရေးမှူးနှင့် အရပ်ဘက်အဖွဲ့ အစည်းများက ယုံကြည်နေပြီး အ မှုမှန်ပေါ်ပေါက်ရေး တောင်းဆို ရာ တိုင်းအစိုးရနှင့်နေပြည်တော် ရဲတပ်ဖွဲ့ကပါ ၀င်ရောက်စစ်ဆေး ရသည့်အခြေအနေသို့ ရောက်ရှိ လာသည်။

အဆိုပါဖြစ်စဉ်ကို စုံစမ်း စစ်ဆေးရန် နေပြည်တော်ရှိ စီ အိုင်ဒီနှင့် သတင်းရဲတပ်ဖွဲ့မှအရာ ရှိများပါဝင်သော စုံစမ်းစစ်ဆေး ရေးအဖွဲ့လည်း ဂန့်ဂေါနယ်သို့ ရောက်ရှိနေကြောင်း ၀န်ကြီးဦး မြင့်ဇော်က ပြောသည်။ အသေး စိတ်အခြေအနေကို မပြောသော် လည်း အထက်ဌာနက စေလွှတ်ခဲ့ သော စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ ရောက်ရှိနေကြောင်း ဂန့်ဂေါမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထွဋ်က ပြောသည်။

‘‘ဒီ အမှုက ဥပဒေအတိုင်း မှန်တဲ့ ဘက်ကနေ ရပ်ရမယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး ၀န် ကြီး ချုပ်ဒေါက်တာမြင့်နိုင်က ပြော သည်။

နေပြည်တော်တိုင်း(မ်)မီဒီ ယာအဖွဲ့၊ မှုခင်းနှင့်သတင်းစုံအ ဖွဲ့ချုပ်မှ ၀ရိန်မိုးသည် ကလေး၊ ကလေးဝ၊ ဂန့်ဂေါမြို့နယ်တို့ပါဝင် သောယောနယ်တွင် နာမည်ပျက် များရှိနေပြီး တရားမ၀င်လုပ်ငန်း များ၌ နည်းမျိုးစုံဖြင့် ငွေကြေး တောင်းခံမှုများရှိနေသည်ဟု ဒေ သခံလူမှုရေးအဖွဲ့များက ဆို သည်။

‘‘ကလေးမြို့က ပရဟိတ အဖွဲ့တွေက ဒီသတင်း ဌာန(နေပြည်တော်တိုင်း(မ်)မီဒီ ယာအဖွဲ့) ကလေးမြို့မှာ အခြေ တည်လာတာကို လက်မခံလို့ ဂန့်ဂေါမှာအိမ်ငှားနေတယ်လို့ သိထားတယ်။ ဒီလို ဂုဏ်သိက္ခာမဲ့ တဲ့သတင်းဌာနမျိုး၊ ပြည်သူကို အကူအညီပေးဖို့ထက်ပြည်သူ့အ တွက် စိတ်အနှောင့်အယှက်ဖြစ် စေတဲ့ဌာနမျိုးက ကျွန်တော့်ဂန့် ဂေါနယ်မှာ မရှိသင့်ဘူး’’ ဟု ဂန့်ဂေါမြို့နယ်ဒေသခံ ၀န်ကြီးဦးမြင့်ဇော်က ပြောသည်။

ချင်းတွင်းကွန်ရက်စီမံကိန်း ဒါရိုက်တာဦးကျော်သက်ဝင်းက ‘‘ကိုယ့်အလုပ်ကိုမလုပ်ဘဲ၊ တရား သောနည်းလမ်းကို မကျင့်သုံးရင်၊ မတရားမှုလုပ်ရင် ပြစ်ဒဏ်ကျဖို့ ပြင်ဆင်ထားပါ။ ဒါမျိုးကို ဘယ် သူကမှ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး’’ ဟုဆိုသည်။

မှုခင်းသတင်းထောက်အ မည်ခံအချို့ သတင်းထောက်များ သည် မှုခင်းများတွင် အမှုလိုက် အကျိုးဆောင်အဖြစ် လုပ်ကိုင် ခြင်း၊ ၀င်ရောက်စွက်ဖက်၍ ငွေ ကြေးတောင်းခံခြင်း၊ အသင်းဝင် အဖြစ် လျှောက်ထားသူများထံမှ ငွေကြေးကောက်ခံခြင်း၊ မြေယာ ကိစ္စများတွင် ပါဝင်ပတ်သက် ခြင်း၊ ဒုစရိုက်လုပ်ငန်းလုပ်ကိုင် နေသူများထံမှ လစဉ်ကြေးရယူ ခြင်းများစိစစ်တွေ့ရှိရပြီး အရေး ယူမည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနက ဇွန်လအတွင်းသတင်း ထုတ်ပြန်ခဲ့သည်။ သတင်းရယူရာ တွင် ဥပဒေနှင့်မညီသည့်ပြုလုပ်မှု များကြောင့် လူပုဂ္ဂိုလ်၊ အဖွဲ့အ စည်းများက မကျေနပ်သဖြင့် အ ရေးယူပေးရန်တိုင်ကြားမှု ၁၂ မှု ရှိပြီးသတင်းထောက် ၁၅ ဦး၊ မီ ဒီယာအသင်းဝင်တစ်ဦး စုစုပေါင်း ၁၆ ဦးကို အရေးယူထားသည်ဆို သည်။

မှုခင်းသတင်းထောက် အ မည်ခံ၍ ခြိမ်းခြောက်ငွေကြေး တောင်းခံခြင်းကို စိစစ်အရေးယူ ပေးရန် မြန်မာနိုင်ငံသတင်းမီဒီ ယာကောင်စီကလည်း ပြည်ထဲ ရေးဝန်ကြီးဌာနသို့ စာပို့တောင်း ဆိုခဲ့သည်။

Source: 7 Day

Loading...

Facebook Comments