အမှန်တိုင်းပြောပါ ညီလေးဘချစ်နဲ့ ဘယ်သူချောလဲလို့မေးလိုက်နဲ့ ကိုကြီး ဖြိုးမြတ်အောင်

ဖြိုးမြတ်အောင်ဟာ Myanmar Idol Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ် အချိန်အခါက ဦးလေးဘချစ်ရဲ့ အကူအညီတွေ အများကြီးရရှိခဲ့တဲ့ သူလေးတစ်ယောက်ပါ။ ညီလေးရဲ့ ပံ့ပိုးမှု အားပေး ကူညီမှုတွေ ရရှိခဲ့ဖြိုးမြတ်အောင်ကတော့ မြန်မာအိုင်ဒေါလ်ရဲ့ Winner ဆုကြီးကို ထိုက်ထိုက်တန်တန်နဲ့ ပိုင်ဆိုင်ရရှိခဲ့ရတာပဲဖြစ်ပါတယ်။ မရှိအတူ ရှိအတူနဲ့ နေထိုင်လာခဲ့တဲ့ဖြိုးမြတ်အောင်တို့ ညီအစ်ကိုဟာဆိုရင် အချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ ဘဝခရီးကို ရှေ့ဆက်လျှောက်လှမ်းခဲ့ကြတာပဲဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီမှုတွေနဲ့ ရှေ့ဆက်ခဲ့ကြတဲ့ သူတို့ညီအစ်ကိုကတော့ ” အမှန်တိုင်းပြောပါ ဘယ်သူချောလဲ [😜] ” ဆိုတဲ့ စာသားလေးကို ဖြိုးမြတ်အောင်ရဲ့ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ ဖြိုးမြတ်အောင်နဲ့ ဘချစ်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက်သရုပ်ဆောင် ရိုက်ကူးနေတဲ့ ဖြိုးမြတ်အောင်ကို ညီဖြစ်သူ ဘချစ်ကလည်း နောက်ကနေ ပံ့ပိုးကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ ညီလေး ဘချစ်ပုံနဲ့ တွဲပြီးတင်လိုက်တဲ့ ဖြိုးမြတ်အောင်တို့ ညီအစ်ကို နှစ်ယောက်ရဲ့ပုံရိပ်လေးတွေမှာ ဘယ်သူပိုချောလဲဆိုတာ တစ်ခုခုပြောပေးသွားကြဦးနော် ပရိသတ်ကြီးရေ။ ကြည့်ရှု အားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

Loading...

Facebook Comments