အလှူခံသူတစ်ဦးအား ဓါးဖြင့် ထိုးသတ်မှု ကျောက်ဖြူမြို့၌ ဖြစ်ပွား

မုနိမြီ ၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌၂၀၁၈ စက်တင်ဘာ ၁၄ရက်နေ့ ၈နာရီခွဲအချိန်ခန့်တွင် အလှူခံနေသော အသက်(၆၀)နှစ်အရွယ် လူကြီး တစ်ဦးအား ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့သည်ဟု “မုနိမြီ”မှ စုံစမ်းသိရှိရပါသည်။

ဖြစ်စဉ်တွင် ​​ကျောက်​ဖြူမြို့၊ ​စေတီ​တောင်​ရပ်​ကွက်​အတွင်း ဦးမောင်လှ အသက်(၆၀)နှစ် အလှူခံ​လာစဉ် ဓါးကိုင်​​ဆောင်​ထား​သော ထွန်းထွန်းဝင်း​(ခ)နဖူး ဆိုသူမှ မင်း​ငွေဘယ်​​လောက်​ရပြီလဲဟု​မေးမြန်းခြင်းဖြင့် စကားများကြ၍ အလှူခံ​နေ​သော ဦးမောင်လှပုအား အသင့်ကိုင်​​ဆောင်​လာ​သောဓါးဖြင့်​ ထွန်းထွန်းဝင်မှ ထိုးသတ်​ခဲ့ခြင်းဟု သိရှိရပါသည်။

တရားခံ ထွန်းထွန်းဝင်း​(ခ)နဖူး တွင် ထွက်​​ပြေးသွားခဲ့ပြီး ဓါးထိုးခံလိုက်​ရ​သော ဦးမောင်လှပုကို ​ကျောက်ဖြူရဲစခန်းမှူး ဦးစီး၍ တပ်ဖွဲ့ဝင်များမှ ​ဆေးရုံ​သို့ ပို့​ဆောင်​စဉ် သေဆုံးသွားခဲ့ခြင်းကြောင်း ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မော်၏ လမ်းညွှန်ချက်အတိုင်း တရားခံ ထွန်းထွန်းဝင်းအား ဖမ်းဆီးဆောင်ရွက်စဉ် အခင်းဖြစ်ပွားသည့် အချိန်နှင့် (၃)နာရီခန့်အကြာ ၁၁နာရီ ၁၁မိနစ်​အချိန်​ခန့်တွင် ပြင်​ဖူ​မော်​ကျေးရွာအနီး ဖမ်းဆီးရမိသည်ဟု စုံစမ်းသိရှိရပါသည်​။

အဆိုဖြစ်စဉ်နှင့်ပတ်သတ်၍ တရားခံ ထွန်းထွန်းဝင်း​(ခ)နဖူး အသက်​(၄၃)အား ကျောက်ဖြူမြို့ ရဲစခန်း၌ (ပ)၃၂၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်း သိရှိရပါသည်။

Credit :သာခိုင်(မုနိမြီ)

Loading...

Facebook Comments