ဖမ်းဆီးထားသူတွေကို အိမ်စီးကားနဲ့ ရုံးထုတ်တာ ဥပဒေနဲ့ ညီလား

စက်တင်ဘာ – ၁၄၊ ၂၀၁၈

ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူတွေ တရားရုံးမှာ ရမာန်ယူတဲ့အခါ အချုပ်ကားနဲ့ မထုတ်ဘဲ သီးသန့်ကားတွေနဲ့ ထုတ်တာမျိုးက ဥပဒေမရှိပေမယ့် စွပ်စွဲခံရသူရဲ့ လုံခြုံရေးအရ အခုလို ထုတ်တာဖြစ်တယ်လို့. တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းက အများပြည်သူစိတ်ဝင်စားတဲ့ အမှုတွေမှာ စွပ်စွဲခံရသူ၊ ကျူးလွန်သူတွေ ရမာန်ယူတဲ့အခါမှာ အိမ်စီးကားတွေနဲ့ တရားရုံးကို ရုံးထုတ်လာတာ တွေအပေါ် ဝေဖန်မှုတွေရှိခဲ့တာပါ။

ရဲစခန်းက အချုပ်ခန်းမှာ ချုပ်နှောင်ထားတဲ့ စွပ်စွဲခံရသူတွေကို ရမာန်ပေးယူရာမှာ ရဲစခန်းနဲ့ တရားရုံး အသွားကို ရဲစခန်းမှာရှိနေတဲ့ ကားတွေကိုပဲ အကူအညီတောင်းပြီး ထုတ်ရတာဖြစ်တယ်လို့ တာမွေမြို့နယ်ရဲစခန်းက ရဲအရာရှိတစ်ဦးက မှတ်ချက်ပြုပါတယ်။

ချုပ်ရက် ရမန်ပြည့်ပြီး အကျဉ်းထောင်အချုပ်ကို ရောက်ရှိတဲ့အခါမှာတော့ သက်ဆိုင်ရာ ထောင်တွေက အချုပ်ကားတွေနဲ့ပဲ ထုတ်လာပြီး တရားရင်ဆိုင်စေတာဖြစ်တယ်လို့ လို့ အဲဒီရဲအရာရှိက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ အုပ်စုလိုက်ဖွဲ့ပြီး ဓားနဲ့ခုတ်သတ်ခဲ့တဲ့ တာမွေလူသတ်မှုက ဖမ်းဆီးထား တဲ့သူတွေကို ရုံးထုတ်ရာမှာ တော့ တစ်ဦးကို အိမ်စီးကားနဲ့ ရုံးထုတ်လာတဲ့ပုံတွေဟာ မီဒီယာမှာ တက်လာ ပြီးလူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်ခ်သုံးစွဲသူတွေကြားမှာ ဝေဖန်မှု တွေ မြင့်တက်လာခဲ့ပါတယ်။

ရုပ်သံသတင်းထောက် – ယဉ်မွန်
Credit :www.7daydaily.com

Loading...

Facebook Comments