ခပ်ဟော့ဟော့ ၀တ်စားမှုတွေကြောင့် ချစ်သူနဲ့ ပြတ်သွားပြီးတဲ့နောက် မြန်မာဝတ်စုံတွေနဲ့ပဲ တွေ့နေရတဲ့ သင်ဇာဝင့်ကျော်

အချစ်ရေးနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းချပြလေ့ရှိတဲ့ ဆယ်ကျော်သက်အမျိုးသားတွရဲ့အသည်းစွဲ သရုပ် ဆောင် သင်ဇာဝင့်ကျော်တစ်ယောက်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလေးကပဲ သူ့ချစ်သူနဲ့ ပြတ်သွားပြီဖြစ်တဲ့အကြောင်း တရားဝင်ပြောကြားလာပါတယ်ချစ်သူနဲ့ ပြတ်သွားရတဲ့အကြောင်းအရင်းကတော့ ဖက်ရှင်ကျကျ ဒီဇိုင်းလှလှ ၀တ်စားဆင်ယင်မှု တွေရှိသလို ညို့အားပြင်းပြီး စွဲဆောင်မှုအားကောင်းတဲ့ Sexy ၀တ်စုံတွေနဲ့လည်း မြင်တွေ့နေရသူ တစ်ယောက် ဖြစ်တဲ့အတွက် သူ့ရဲ့ချစ်သူဟာ ဒီအပေါ်မှာချုပ်ချယ်မှုတွေရှိလာတာကြောင့် ရှေ့ဆက်လက်တွဲကြဖို့ မဖြစ်နိုင်တော့လို့ဖြစ်တယ်လို့လည်း ပြောလာပါတယ်။

ဒီလို အတိုအပြတ်တွေ၊ ရေကူးဝတ်စုံတွေ၊ Sexy ဆန်ဆန် ၀တ်စားဆင်ယင်မှုတွေဟာ အလုပ်နဲ့ပတ်သက်တဲ့ ၀တ်စားဆင်ယင်မှုတွေဖြစ်တဲ့အတွက် ဒီအပေါ်မှာ ချုပ်ချယ်တာတွေကို မကြိုက်ဘူးလို့ ပြောထားပေမယ့် ချစ်သူနဲ့ ပြတ်သွားပြီးတဲ့နောက်မှာတော့ အရင်လို ခပ်ဟော့ဟော့ ဒီဇိုင်းတွေနဲ့ မတွေ့ရတော့ဘဲ ရိုးရိုးယဉ်ယဉ် မြန်မာဆန်ဆန် ၀တ်စုံလေးတွေနဲ့ လှပနေတာကို တွေ့မြင်ရပြန်ပါတယ်။ဒါဟာ သူ့ရဲ့ ၀တ်စားဆင်ယင်မှုတွေကြောင့် သ၀န်တိုနေရတဲ့ ချစ်သူနဲ့ ပြတ်စဲသွာံးခြင်းအပေါ် သူမရဲ့ နောင်တရမှုတွေလား၊ ပြောင်းလဲပြင်ဆင်မှုတွေလားဆိုတာ စဉ်းစားစရာပါ။ဒါပေမဲ့ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ ဒါဟာသူ့ရဲ့ အင်္ကျီကြော်ငြာတစ်ခုအတွက် ရိုက်ကူးထားတဲ့ ပုံတွေကို သူကိုယ်တိုင်အသုံးပြုတဲ့ Facebook စာမျက်နှာမှာ ပြန်တင်ထားတာပဲ ဖြစ်ပါတယ်။

သင်ဇာဝင်ကျော်တစ်ယောက်ကတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်ကို သွားဖို့ရှိတယ်လို့ သိရပြီးတော့ ဘန်ကောက်မှာ ဘယ်လိုဖက်ရှင်တွေနဲ့ တွေ့ရမလဲ ဆိုတာစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။သရုပ်ဆောင် သင်ဇာဝင့်ကျော်က အနုပညာပိုင်းနဲ့ ပရိသတ်အခိုင်အမာရှိသူတစ်ဦးဖြစ်သလို ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးလည်း ပရိသတ်ရဲ့စိတ်ဝင်စားမှုကို ရရှိထားတဲ့အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ဖက်ရှင်နဲ့ ပတ်သက်လာရင် အမြဲလိုလို လူအများကို အံ့အားသင့်စေ လောက်အောင် ၀တ်စားတတ်တဲ့အတွက် ရုပ်ရှင် အစည်းအရုံးကလည်း ခေါ်ယူသတိပေးတာ ခံခဲ့ရဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Source : akonthi

Loading...

Facebook Comments