သူနာပြုထံမှ စိတ်ကြွဆေးဖမ်းမိမှုသည် သွေးရိုးသားရိုးဖြစ်ရပ်မဟုတ်၍ အမှုမှန်ပေါ်ပေါက်ရေး စောင့်ကြည့်ကူညီမည်ဟုဆို

ဂန့်ဂေါမြို့တွင် သူနာပြု ဆရာမတစ်ဦးထံမှ စိတ်ကြွဆေး ပြားဖမ်းမိမှုသည် လုပ်ကြံမှုဟု ယူဆသဖြင့် ဥပဒေအတိုင်းဖြစ် စေရေးစောင့်ကြည့်ကူညီမည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။သူနာပြုဆရာမသည် က လေးဝမြို့နယ်၌ တာဝန်ထမ်း ဆောင်နေပြီး နေပြည်တော် တိုင်း(မ်)မီဒီယာအဖွဲ့၊ မှုခင်းနှင့် သတင်းစုံအဖွဲ့ချုပ်မှ ၀ရိန်မိုးဆိုသူ ကို တရားစွဲဆိုထားသည့်အမှုအား ဂန့်ဂေါမြို့နယ်တရားရုံးတွင် အမှု ရင်ဆိုင်ပြီး ဆိုင်ကယ်ဖြင့် တစ်ဦး တည်းပြန်လာစဉ် စိတ်ကြွဆေး၁၈ ပြားဖြင့် စက်တင်ဘာ ၁၁ ရက်က ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယင်း ဖြစ်စဉ်သည် ၀ရိန်မိုးနှင့်သူ၏ တပည့်များက လုပ်ကြံခြင်းဖြစ် ကြောင်း ကာယကံရှင်၏မိသားစု ၀င်များ၊ ဒေသတွင်းအုပ်ချုပ်ရေး မှူးနှင့် အရပ်ဘက်အဖွဲ့အစည်း များက ယုံကြည်နေကာအမှုမှန် ပေါ်ပေါက်ရေး ၀ိုင်းဝန်းဆောင် ရွက်နေသည်။

‘‘အဲဒီဆရာမက ကျွန်တော် တို့ရွာမှာ တာဝန်ကျခဲ့တာ လေး၊ ငါး၊ ခြောက်နှစ်။ အကျင့်စာရိတ္တ လည်း ကောင်းတယ်။ နာမည်ဆိုး မရှိဘူး။ စိတ်ကြွဆေးရောင်း လည်းမရောင်းဘူး။ သုံးလည်း မသုံးဘူး။ အမှုမှန်ပေါ်ပေါက်ရေး အတွက် တစ်ရွာလုံးက လက်မှတ် ထိုးဆို ထိုးပေးမယ်။ တစ်ရွာလုံး က လက်မခံဘူး။ အခုဖြစ်တဲ့ပုံစံ က လုပ်ကြံမှုပဲ။ ကျွန်တော်ပြောရဲ တယ်’’ ဟု ဂန့်ဂေါမြို့နယ် မွှေ့ လည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦး နေလင်းအောင်က ပြောသည်။

အသက်(၄၃)နှစ်အရွယ် သူ နာပြုဆရာမသည် အသက်(၅၀) ကျော်ဝရိန်မိုးဆိုသူကို ကာမလိမ် လည်မှု၊ ငွေကြေးလိမ်လည်မှုတို့ ဖြင့် ဂန့်ဂေါမြို့နယ်တရားရုံးတွင် ပြီးခဲ့သည့်သုံးလခန့်က တရားစွဲ ဆိုထားသည်။ စက်တင်ဘာ ၁၁ ရက်က ဂန့်ဂေါမြို့နယ်တရားရုံး၌ အမှုလာရောက်ရင်ဆိုင်စဉ် ၎င်းစီး လာသည့်ဆိုင်ကယ်ကို တရားရုံး အနီး၌ လေးနာရီခန့်ရပ်ထားခဲ့ သည်။ တရားရင်ဆိုင်ပြီး တစ်ဦး တည်းအပြန်တွင် သတင်းရသည် ဆိုကာ ဆရာမ၏ဆိုင်ကယ်ကို ရဲတပ်ဖွဲ့ဝင်အချို့နှင့် အရပ်ဝတ် နှစ်ဦးက တားဆီးစစ်ဆေးပြီး လုပ်ကြံဖမ်းဆီးမှုဖြစ်ကြောင်း သူနာပြုဆရာမ၏မောင် ကိုအဲဇော်က ပြောသည်။

သူနာပြုဆရာမကို စိတ်ကြွ ဆေးပြားများဖြင့် ဖမ်းဆီးမှုသည် သွေးရိုးသားရိုးဖြစ်ရပ်မဟုတ်နိုင် ဘဲ လွှတ်တော်ကိုယ်စားလှယ် များနှင့် ဥပဒေပညာရှင်များ တိုင် ပင်ကာ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်မည်ဟု ကလေးဝမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသန့်ထွန်းမြင့်နှင့် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောသည်။

ဝရိန်မိုးဦးဆောင်သော မှု ခင်းနှင့်သတင်းစုံအဖွဲ့မှ လူအချို့ သည် ကလေးမြို့တွင်ရုံးခွဲဖွင့်ရန် ကြိုးစားဖူးပြီး ဒေသခံ အရပ် ဘက်အဖွဲ့များက ကန့်ကွက်၍ ဒေသချင်းဆက်စပ်နေသော ဂန့် ဂေါမြို့၌ ရုံးခွဲလာဖွင့်စဉ် သူနာ ပြုဆရာမနှင့်တွေ့ကာ လူမှုရေး ပြဿနာ ဖြစ်ပေါ်လာသည်ဟု ဒေသခံအရပ်ဘက်အဖွဲ့အစည်း များက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ 7Day Daily သတင်းစာက ၀ရိန် မိုးအား ဆက်သွယ်ရာ သူနာပြု ဆရာမကို ဖမ်းဆီးမှုတွင် လုပ် ကြံမှုဟုစွပ်စွဲခြင်းသည် လူမှုကွန် ရက်သုံးစွဲသူများက ဖွခြင်းဖြစ် ကြောင်း ပြောသည်။

Credit :www.7daydaily.com

Loading...

Facebook Comments