အံ့သြလောက်အောင်ပြောင်းလဲ သွားတဲ့ ၀ိတ်ချနည်းတွေ ပြောပြခဲ့တဲ့ ASHLEY KO KOE

ကောင်ကလေးတွေကြားမှာ ပေါ်ပြူလာဖြစ်နေတဲ့ သိပ်ချစ်စရာကောင်းတဲ့ မော်ဒယ်မလေး Ashley Ko Koe ဟာ တချိန်က ပေါင် ၁၄၀လောက်ရှိတဲ့ ဖက်တီးပေါက်စလေးပါတဲ့ ။ သူမဟာ အဲ့လို ဝတုတ်လေးဖြစ်နေချိန် က စိတ်ပင်ပန်းခဲ့ရတဲ့အကြောင်းတွေနဲ့ ခုလို အခြေအနေဖြစ်ဖို့ သူမ ကြိုးစားခဲ့ရတာတွေကိုလဲ ပြောပြခဲ့ပါတယ်။ သူမ ဟာ ပေါင်(၂၄၀) ရှိတဲ့ ကိုယ်လုံးကို နှစ်လအတွင်း (၂၅)ပေါင်အထိ ဝိတ်ချနိုင်ခဲ့တဲ့ အကြောင်းကိုလဲ ပြောပြခဲ့ပါတယ် ။ ဒါပေမယ့်လဲ ယခုအချိန်မှာတော့ သူမဟာ အရမ်းကို စွဲဆောင်မှုရှိတဲ့ မော်ဒယ်မလေး ဖြစ်နေပါပြီ။

ဟိုတနေ့က Koe ၁၀ တန်းပြီးကာစက ပုံလေးတွေကိုပြန်ကြည့်မိတယ်..2013 တုန်းက Koe နဲ့ 2018 Koe တော်တော်ကွာသွားတယ်..ပုံတွေမှာမြင်တဲ့အတိုင်းပဲ Koe အရင်ကအရမ်းဝခဲ့တယ်..Koe ပေါင် ၁၄၀ တောင်ရှိတယ်..ဝတုန်းကဆိုရင် စိတ်တော်တော်လေးထိခိုက်ခဲ့ရတယ်..လူတွေကတွေ့ရင် ”ဝလာတယ်နော် ” ”ဝိတ်လျော့ပါဦး” ”ဟယ် ဝလာလိုက်တာ” စသဖြင့် မျိုးစုံကိုပြောကြတာ…စိတ်ဓာတ်ကျတဲ့ အပြင်ကို ဝ တာကို ရောဂါတခုလိုတောင် ခံစားခဲ့ရတယ်…ဘယ်သွားသွား confidenceမရှိပဲ အားငယ်ရတယ်.” တဲ့ ။

သူမ ဝိတ်လျော့ခဲ့စဉ်က အတွေ့အကြုံတွေကို လဲ ” ဝိတ်လျော့တာ က အပြောလွယ် သလောက် အလုပ်ခက်မှန်း ကိုယ်တိုင် ကြုံဖူးမှသိတော့တယ်…ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ အစားအစာ တွေလုံးဝလှည့်မကြည့်တော့ပဲ ကြိုးစားပြီး ဝိတ်ချတယ်..gym ဆော့တယ်..Gym ဆော့ရင်းပင်ပန်းပြီး motivation အရမ်းလျော့သွားတဲ့ အချိန်တွေလဲရှိပါတယ်..ဒါပေမဲ့ ကိုယ်လိုချင်တာတစ်ခု ကိုရအောင်လုပ်ခဲ့ပါတယ်..Koe ကံကောင်းတာတစ်ခုက ဝိတ်တက်တာမြန်သလို ဝိတ်ကျဖို့လဲတော်တော်မြန်ပါတယ်..အဲ့တာကြောင့် Koe ရဲ့ Weight Loss Journey ကတော့ ၂လပဲကြာခဲ့တယ်. ” ဆိုပြီး လဲ ရင်ဖွင့်လာပါတယ်။

အဲ့ဒီနောက် ကြိုးစားမှုရဲ့ ရလဒ်တွေကို လဲ “ဝိတ်ကျသွားတော့ ရလာတဲ့ confidence တွေအပျော်တွေ က ဘာနဲ့မှမတူပါဘူး…ဝိတ်ကျသွားတဲ့အချိန်မှာ Koe ဝိတ်က ၁၁၅ ပေါင်ပဲရှိတော့တယ်…ဝိတ်ချဖို့ ကြိုးစားနေတဲ့သူတွေရော ဝိတ်ချနေတဲ့သူတွေရော Koe ရဲ့ post လေးကိုတွေ့ရင် motivation တခုခုရဖို့ မျှော်လင့်ပါတယ်..Don’t Give Up ပါနော်💕အားလုံးပဲဘဝမှာ confidence ရှိရှိနဲ့ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ 🙏🏻💕 Don’t give up girls..the world is your” ဆိုပြီး ပြောပြခဲ့တာပါ။

KKK(momolay)
Source – Ashley Ko Koe

Loading...

Facebook Comments