ရွှေတိဂုံ​စေတီမှာ သိန်း​ပေါင်း(၁၃၆)သိန်း လှူဒါန်းခဲတဲ့ စမိုင်းလ်​တို့ဇနီး​မောင်​နှံ

စမိုင်းလ်​ဆိုတာက တစ်​ခါကအနုပညာ​လောကမှာ နာမည်​ကြီးထိပ်​တန်းမင်းသမီးတစ်​ဦးပါ။ ​ကြော်​ငြာ​လောကမှာ​တော့ စမိုင်းလ်​မပါတဲ့​ကြော်​ငြာဆိုတာမရှိသ​လောက်​ပါပဲ။ သူမက​တော့ အိမ်​​ထောင်​ကျပြီး​နောက်​ပိုင်း ခင်​ပွန်းဖြစ်​သူနဲ့ နိုင်​ငံခြားမှာသွား​ရောက်​​နေထိုင်​ခဲ့ပြီး အနုပညာအလုပ်​​တွေနဲ့ အလှမ်း​ဝေးခဲ့တာဖြစ်​ပါတယ်​။ သူမက လွန်​ခဲ့တဲ့နှစ်​အနည်းငယ်​ကမှ မြန်​မာနိုင်​ငံ​ကို ပြန်​လည်​​ရောက်​ရှိလာခဲ့တာဖြစ်​ပါတယ်​။စမိုင်းလ်​က မကြာ​သေးခင်​က ရုပ်​ရှင်​ဇာတ်​ကားကြီးတစ်​ကားမှာလဲ ပါဝင်​သရုပ်​​ဆောင်​ခဲ့ပါ​သေးတယ်​။ သူမက​တော့ အခုဆိုရင်​ သူမရဲ့ချစ်​ခင်​ပွန်းနဲ့ သမီး​လေးနှစ်​​ယောက်​နဲ့အတူတူ သာယာ​ပျော်​ရွှင်​တဲ့ မိသားစုဘဝ​လေးကို တည်​​ဆောက်​ထားတာပဲဖြစ်​ပါတယ်​။

ကုသိုလ်​​ရေးဆိုလက်​မ​နှေးတတ်​တဲ့ စမိုင်းလ်​တို့ဇနီး​မောင်​နှံက ​ရွှေတိဂုံဘုရားမှာ အလှူ​ငွေ သိန်း​ပေါင်း တစ်​ရာသုံးဆယ့်​​ခြောက်​သိန်း လှူဒါန်းခဲ့ပါ​သေးတယ်​။ စမိုင်းလ်​က သူမရဲ့ instagram မှာ လှူဒါန်းထားတဲ့အမှတ်​တရပုံ​လေးကို မျှ​ဝေ​ပေးထားပါ​သေးတယ်​။

စမိုင်းလ်​တို့မိသားစုဟာ မပြည့်​စုံတဲ့ဘဝ​​က ကြိုးစားလာခဲ့ရသူ​တွေမို့ အခုလိုပြည့်​ပြည့်​စုံစုံ​နေရတဲ့အခါ ရတနာသုံးပါးကိုမ​မေ့​လျော့ပဲ ဘာသာ​ရေးကိုလိုက်​စားသူ​တွေပါ။

ပရိသတ်​ကြီးလဲ စမိုင်းလ်​တို့မိသားစုရဲ့အလှူကိုကြည့်​ပြီး သာဓုအနု​မောတနာ​ခေါ်နိုင်​ကြပါ​စေ​နော်​။ စမိုင်းလ်​တို့မိသားစုကိုချစ်​ကြရင်​ ဒီပိုစ့်​​လေးကို Like & share လုပ်​​ပေးကြပါဦး​နေိာ။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ပရိသတ်​ကြီးကို မိုမို​လေးမှ ​ကျေးဇူးအထူးတင်​ရှိပါတယ်​။

Saw
Source: Smile’s ig
Credit :www.momolay.com

 

Loading...

Facebook Comments