လားရှိုးတက္ကသိုလ်အတွင်း အမျိုးသားတစ်ဦးမှ ကျောင်းသူနှစ်ဦးအား ဘောင်းဘီဇစ်ဖြုတ်ကာ အမျိုးသားတန်ဆာပြသမှုဖြစ်ပွားခဲ့

စက်တင်ဘာ (၁၄)

ပြီးခဲ့သော စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀:၃၀ အချိန်ခန့်တွင် လားရှိုးတက္ကသိုလ်အတွင်းတွင် ကျောင်းသားမဟုတ်သော အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးမှ တက္ကသိုလ်ကျောင်းသူနှစ်ဦးအား ဘောင်းဘီဇစ်ဖြုတ်ကာ အမျိုးသားတန်ဆာအားလိုက်လံပြသခဲ့ကြောင်း စုံစမ်းသိရှိရသည်။

 

ဖြစ်ပွားပုံမှာလားရှိုးတက္ကသိုလ် ရုက္ခဗေဒအထူးပြုဘာသာရပ်ကို မဟာအရည်အချင်းစစ်သင်တန်းကိုတက်ရောက်နေသော ကျောင်း နှစ်ဦးအား လားရှိုးတက္ကသိုလ် LH-8 စာသင်ခန်းရှေ့တွင် တက္ကသိုလ်ကျောင်းသားမဟုတ်သော စောနိုင်အေး(၃၀)နှစ်မှ ၎င်းဝတ်ထားသောဘောင်းဘီဇစ်ကိုဖြုတ်ကာ အမျိုးသားတန်ဆာအား တမင်ပြသခဲ့သည့်အတွက်လားရှိုးမြို့မရဲစခန်းသို့ ကာယိနြေ္ဒပျက်ပြားစေရန်လုပ်ဆောင်ခဲ့ကြောင်းတိုင်တန်းခဲ့ကြောင်းသိရှိရသည်။
အဆိုပါစောနိုင်အေးအားမြို့မရဲစခန်းမှ(ပ)၄၁၂/၂၀၁၈ရာဇသတ်ကြီးပုဒ်မ၂၉၄/၃၅၄ဖြင့်အမှုဖွင့်အရေးယူရန်ဆောင်ရွက်ထားရှိကြောင်းသိရှိရသည်

#Credit-Hnin Si

Loading...

Facebook Comments