AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင်တွေ ပြန်လည်ရောက်ရှိ

ဧပြီလ(၉)ရက် ညပိုင်းက တပ်မတော်နဲ့ AA အဖွဲ့တို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမှတ် (၃၁)လုံခြုံရေး ရဲတပ်ဖွဲ့ဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ ပြန်လည်ရောက်ရှိလာတယ်လို့ မြောက်ဦးမြို့ မြို့မရဲစခန်းက အတည်ပြုပါတယ်။ ဧပြီလ(၁၁)ရက် ည(၁၁) နာရီခွဲခန့်က မြောက်ဦးမြို့နယ် ဆေးရုံကို ရောက်ရှိလာတာဖြစ်ပြီး ဧပြီလ(၁၂)ရက် ဒီနေ့ မနက်ပိုင်းမှာ သက်ဆိုင်ရာက မိခင်ရဲတပ်ရင်းဌာနကို ပို့ဆာင်ပေးခဲ့တယ်လို့ သိရပါတယ်။ AA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခံရသူတွေက ဒုရဲအုပ် သဲဇော်အောင်ရဲ့ ဇနီး ဒေါ်စံပယ်လှိုင်နှင့် သမီး မလရိပ်ချို၊ ဒုရဲအုပ် အောင်ကိုကိုမြင့်ရဲ့မိခင် ဒေါ်အေးအေး၊ ဇနီးဒေါ်ဇင်စန္ဒာစိုး၊ သမီး မနှင်းဟေမာန်ကို၊ သား မောင်အောင်မြင့်မြတ်နဲ့ ရဲတပ်သား စည်သူစိုးရဲ့ ဇနီး ဒေါ်တင်လေးနွယ်တို့ ဖြစ်ပါတယ်။

သတင်း – လဝန်းရံ(စစ်တွေ)

Loading...

Facebook Comments