Star Awards ဆုကိုအရမ်းမုန်းတယ်လို့ပြောလိုက်တဲ့မကြီးစန်း

မြန်မာ့ရုပ်ရှင်လောကကို တစိတ်တစ်ဒေသကနေပံ့ပိုးပေးနဲ့တဲ့သူတွေထဲမှာ မိတ်ကပ်ပညာရှင်တွေလည်းပါပါတယ် ။ အဲ့ဒီမိတ်ကပ်ပညာရှင်တွေထဲကမှပြည်သူချစ်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မကြီးစန်းက Trend Myanmar နဲ့အင်တာဗျူးတစ်ခုမှာ Star Awards ဆုပေးပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်တွေကိုပြောပြသွားတာရှိပါတယ် ။

သူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင်ပြန်ပြောပြ လိုက်ပါတယ်နော် ။

Star Award ဆုအပေါ်အမြင်တွေကို ဆုကြော်ငြာပြီးပြီးချင်းပဲ Facebook ပေါ်မှာ စာတင်တယ် လေ Star Awards ကိုအရမ်းမုန်းတယ် လို့။(ထပ်ပြောရမှာ လား မုန်းလိုက်မယ်နော် ကျွန်မကို) မကြီးတို့မှန်းထားတာတစ်ယောက် ရတဲ့လူကတစ်ယောက်ဖြစ်နေတာ။

ဇာတ်လမ်းတွဲတစ်ခုပဲရိုက်ပြီးတော့ ချက်ချင်းဆုရတာက တစ်ယောက်ဆိုတော့ အဲ့ဒါလေးကိုတော့ (မကြီးရဲ့ပုဂ္ဂလိက ခံစားချက်ပေါ့)သိပ်မကြိုက်ပါဘူး ။စီနီယာလည်းဖြစ်ပြီး သူရဲ့ Image ကိုကြည့်ပြီးပေးစေချင်တာပေါ့ ။နောက်တစ်ခုက မေမြင့်မိုရ်ဆိုရင် ဇာတ်လမ်းတွဲတွေ ထဲမှာအပေါက် ဆုံးမင်းသမီးပဲ အကောင်းဆုံးဆုသူမရဘူး။

ဒါပေမယ့်တခြားဆုတစ်ခုရတယ် ။ တစ်ခုတော့ရှိပါတယ် တခြားတစ်ခုရဖို့ရှိလို့ လျော့ပေးလိုက်တယ်လို့တော့ထင်ပါတယ် ။ ဒါပေမယ့် သူနဲ့အကိုက်ညီဆုံးကတော့ ရုပ်သံဇာတ်လမ်းတွဲမှာ သူ့ထက်ပေါက်တဲ့မင်းသမီးမရှိဘူးလေ။ မဟုတ်ရင်တောင်မှ သူရဲ့နောက်မှာ ဒုတိယလိုက်တဲ့သူတွေရှိတယ်လေ အဲ့ဒီလိုလူမျိုးတွေကိုပေးစေချင်တာပေါ့ ။

ဒီပွဲကတော်တော်ကြီးတဲ့ပွဲဖြစ်တယ် ပွဲတစ်ခုစီစဉ်ရတာမလွယ်ဘူးလေ ၊ လုပ်တဲ့သူတွေအားလုံး ပင်ပန်းကြပါတယ် ။ ဘာပဲဖြစ်ဖြစ် ခြုံငုံပြီးတော့ပြောရရင်ဒါအောင်မြင်တဲ့ပွဲ ပြီးမြောက်သွားတယ် ပေါ့နော်အဲ့ဒီလိုပြောလို့ရပါတယ် ။

မကြီးကတော့ဒီလိုပွဲမျိုးရှိစေချင်တယ်။ နောက်ပြီးဆော့ ရွေးချယ်မှုအပိုင်းမှာပုဂ္ဂိုလ်ရေး ဖယ်ပြီးတော့ပေးစေချင်တယ် ။ လို့ပြောပြသွားပြီး မိတ်ကပ်ဆုပေးတဲ့ပေးတဲ့အပေါ်မှာလည်း “မိတ်ကပ်ဆုပေးတာတော့ကောင်းပါတယ် ။ မကြီးတို့ကကြိုဆိုတယ်။

တစ်ခုကစိတ်မကောင်းဖြစ်တာက ဒီဆုကအခုမှပေးတာဆိုတော့ သူရှေ့ခေတ်တွေမှာ ဆရာ့ဆရာကြီးတွေ ၊ မကြီးတို့ခေတ်မှာလည်း မကြီးလိမ်းတဲ့မင်းသမီးတွေကို မျိုးစုံတွေလုပ်ခဲ့တယ် ယ မကြီးတို့ရှေ့ကဆရာကြီးတွေဆိုရင်လည်း ကာရိုက်တာမျိုးစုံကို ပစ္စည်းမပြည့်စုံတဲ့ကြားထဲက နည်းပညာအားနည်းတဲ့ကြားထဲက အကောင်းဆုံးလုပ်ခဲ့တယ် ။

ပရိသတ်ကြားထဲမှာ တကယ် ထင်တင်ရှားရှားချပြနိုင်ခဲ့တယ် ။အဲ့ဒီလိုမျိုးရသင့်ရက်သားနဲ့ဆုပေးတဲ့သူမရှိတော့မရခဲ့ကြဘူးပေါ့ ။မကြီးဆိုရင်လည်း မကြီးပြင်တဲ့ရုပ်ရှင်ကားတိုင်းက အကယ်ဒမီရခဲ့တာချည်းပဲ ဆိုတော့မကြီးတော့ခေတ်တုန်းကကျအခွင့်အရေးမရှိခဲ့ဘူးပေါ့ ။

အခု မေဦးတို့ခေတ်ကျတော့ သူလိမ်းရတဲ့မင်းသမီးနဲ့ သူလိမ်းရတဲ့ဇာတ်လမ်းနဲ့အံ့ဝင်ခွင်ကျဖြစ်တဲ့အခါကျတော့ ဆုရတယ်။ဒါဝမ်းသာစရာအရမ်းကောင်းပါတယ် ။ ” ဆိုပြီးပြောပြသွားခဲ့ပါတယ်

Credit:nanmalgyi

Loading...

Facebook Comments