အသက်​မပြည့်​​သေးသူမိန်းက​လေးအား ခိုးယူ​ပေါင်းသင်းသူတရုတ်​ကြီးကို ထောင်ဒဏ်၂၃နှစ်ချလိုက်ပြီ

မြင်းခြံမြို့ ၌ မိဘအုပ်​ထိမ်းမှု​အောက်​မလွတ်​​သေး​သော အသက်​မပြည့်​​သေးသူမိန်းက​လေးအား ခိုးယူ​ပေါင်းသင်းသူတရားခံ ခင်​​မောင်​တင့်​(ခ)တရုတ်​ကြီး အား(၂-၄-၂၀၁၉)​နေ့တွင်​ မြင်းခြံခရိုင်​တရားရုံး၌အမိန့်​ချမှတ်​ခဲ့​ကြောင်းသိရသည်​။

အမှုဖြစ်​စဉ်​မှာ တရားလိုဖြစ်​သူသည်​(၁၄-၆-၂၀၁၈)​နေ့တွင်​ မြင်းခြံမြို့ ၊အမှတ်​(၈)ရပ်​ကွက်​​ရှိ မုန့်​တိုက်​တခုတွင်
အလုပ်​လုပ်​​နေ​သော သမီးဖြစ်​သူ မလာ​ကြောင်းအလုပ်​ရှင်​မှ ​ပြောပြသိရှိရပြီး လိုက်​လံရှာ​ဖွေရာ

သမီးဖြစ်​သူအား မြင်းခြံမြို့အမှတ်​(၁၈)ရပ်​ကွက်​​နေခင်​​မောင်​တင့်​(ခ)တရုတ်​ကြီးမှခိုးယူ​ပေါင်းသင်းပြီးသားမယားအဖြစ်​​နေထိုင်​ခဲ့​ကြောင်း

သမီးဖြစ်​သူ​ပြောပြချက်​အရ သိရှိရ၍အသက်​မပြည့်​​သေး​သော သမီးဖြစ်​သူအားခိုးယူ​ပေါင်းသင်းသူ ခင်​​မောင်​တင့်​(ခ)တရုက်​ကြီးအားအ​ရေးယူ​ပေးရန်​တိုင်​တန်းခဲ့​​သောအမှုဖြစ်​သည်​။

အမှုမှတရားခံ ခင်​​မောင်​တင့်​(ခ)တရုတ်​ကြီးအား မြင်းခြံခရိုင်​တရားရုံးသို့ရာဇသတ်​ကြီးပုဒ်​မ ၃၆၃/၃၇၆ ဖြင့်​စွဲချက်​တင်​စစ်​​ဆေးခဲ့ပြီး​နောက်​ ပြစ်​မှုထင်​ရှားသဖြင့်

(၂-၄-၂၀၁၉)​နေ့တွင်​ ရာဇသတ်​ကြီးပုဒ်​မ ၃၇၆အရ.အလုပ်​ကြမ်းနှင့်​​ထောင်​ဒဏ်​(၂၀)နှစ်​၊ရာဇသတ်​ကြီးပုဒ်​မ ၃၆၃အရအလုပ်​ကြမ်းနှင့်​​ထောင်​ဒဏ်​(၃)နှစ်​၊ပြစ်​ဒဏ်​များအားတ​ပေါင်းတည်းကျခံ​စေရန်​အမိန့်​ချမှတ်​ခဲ့​ကြောင်းသိရှိရသည်​။

MyingyanMedia

Loading...

Facebook Comments