လူပြတ်တဲ့ နေရာမှာ မုဒိမ်းကျင့်သတ်ဖြတ်ခံရ ဂျာမန်နိုင်ငံသူတစ်ဦ

ထိုင်းနိုင်ငံ ချွန်ဘူရီ ခရိုင် ကော့စီချန်း ပင်လယ်ကမ်းစပ်မှာ ဂျာမန်နိုင်ငံသူ Miriam Beelte အသက် ၂၆ နှစ် ဟာဧပြီလ (၇)ရက်နေ့ က ဆိုင်ကယ်တစ်စီးနဲ့  ကျွန်းကိုလှည့်ပါတ်သွားနေရင်း မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။

သတ်တဲ့သူဟာ ပင်လယ်ပြင်မှာအမှိုက်ကောက်အလုပ်လုပ်နေသူထိုင်းနိုင်ငံသားရော်နကော် ရွမ်ရန် အသက် (၂၄) နှစ်ဖြစ်ကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံကို ရောက်လာတာ တရက် သာ၇ှိသေးတဲ့ ဂျာမန်နိုင်ငံသူဟာ ချွန်ဘူရီခရိုင် ကော့စီချန်း က လူပြတ်တဲ့ နေရာအရောက်မှာ နောက်ကနေ လိုက်ကြည့်နေတဲ့ တရားခံဟာ မုဒိမ်းကျင့်ပြီး မိန်းခလေးကို ကျောက်တောင်ကြားမှာ သေတဲ့အထိ ကျောက်တုံးနဲ့  ထုရိုက်ခဲ့ကြောင်း ၀န်ခံခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကို လာရောက်လည်ပါတ်ကြတဲ့ နိုင်ငံခြားသူတွေဟာ အရဲလွန်ပြီး တဦးထဲ လျှောက်သွားတတ်ကြပါတယ်။ လူပြတ်တဲ့ တောင်ပေါ်နဲ့  ပင်လယ်ကမ်းခြေတွေမှာ မုဒိမ်းကျင့်ခံရတဲ့ ဖြစ်ရပ်တွေအများအပြား ဖြစ်ပွားခဲ့ရာမှာ ကျူးလွန်သူအများစုဟာ အရက်နဲ့  စိတ်ကြွဆေးတွေသုံးနေကြ သောက်နေကြပြီး ဖြစ်တာများတယ်လို့ ရဲစစ်တမ်းတွေမှာတွေ့ ရပါတယ်။

ခုလို မုဒိမ်းကျင့် လူသတ်မှုဟာ သေဒဏ်အထိ အမြင့်ဆုံးအပြစ်ဒဏ်ပေးနေပေမယ့် ဖြစ်ရပ်တွေဟာ ဆက်ဖြစ်နေတာတွေ့ ရပါတယ်။SAW

Loading...

Facebook Comments