ပါတီပွဲပြန် အဖေါ်အချွတ် အကမယ်များ လိုက်ပါလာသည့် ဗင်ကားတိမ်းမှောက်

ဒီကနေ့ မနက် အစောပိုင်းက ထိုင်းနိုင်ငံ ဖတ်ထလုံး ခရိုင် ကနေ စုန်ခလာခရိုင်ကို မောင်းနှင်နေတဲ့တိုရိုတာ ဗင်ကား လိုင်စဉ်နံပါတ် (၈၈၅၁) ဟာ ပါဘွန်မြို့ နယ် အာရှလမ်းမကြီး ပေါ်မှာ တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။

ကားပေါ်မှာ လိုက်ပါလာတဲ့ ကိုရိုတီး coyote အကမယ် (၆) ဦးဟာ ဒဏ်ရာအသီးသီးရခဲ့ပါတယ်၊ အကမယ်တွေဟာ ဖတ်ထလုံး မှာပြုလုပ်တဲ့ ည ပါတီကပွဲမှာ ကပြီး စုန်ခလာ မှာ အနားယူဖို့  ပြန်လာကြတာပါ။

ကားမောင်းသူ နိုင်နထဖွန် အသက် (၂၆) နှစ်ဟာ ကားမောင်းနေရင်း အိပ်ငိုက် သွားတာလို့  သတင်းတွေမှာဖေါ်ပြနေပြီး တချို့ ထိုင်းသတင်းတွေမှာတော့ နောက်လှည့် စကားပြောနေရင်း ယာဉ်လမ်းကြောင်း လွဲတာကို ရုတ်တရက် ကွေ့ လိုက်လို့ တိမ်းမှောက်သွာတာလို့ လည်း ရေးသားဖေါ်ပြနေပါတယ်။

တိမ်းမှောက်သွားတဲ့ ဗင်ကားဟာ ဘာနဲ့ မှမတိုက်မိပဲ ဘေးတစောင်းမှောက်သွားခဲ့တာဖြစ်ပါတယ်။ကယ်ဆယ်ရေးအဖွဲ့ တွေရောက်သွားတဲ့အချိန်မှာ ဒဏ်ရာရနေတဲ့အကမယ်တွေ ဟာ အော်ဟစ်ငိုနေကြပြီး တချို့ လည်းဖုန်းတွေနဲ့ သက်ဆိုင်သူတွေဆီ သတင်းပို့ နေကြတာတွေ့ ရပါတယ်။

ထိုင်းနိုင်ငံမှာ ကိုယိုတီး အကမယ်တွေကို နယ်တွေမြို့ တွေ ပါတီပွဲလုပ်တဲ့သူတွေဟာ အခကြေးငွေနဲ့ ငှားရမ်းပြီး ဆောင်းဘောက်တွေအပြည့်ဆင်ထားတဲ့ ကားတွေပေါ်မှာ လိင်နိုးဆွအက တွေနဲ့  ဖျော်ဖြေကြတာပါ။

Credit: bamakhit

Loading...

Facebook Comments