နေ့ သားအလိုက် ပိုက်ဆံဝင်တဲ့ မီးထွန်း ပိုက်ဆံယတြာ

ငွေ​ကြေးကံပွင့်​​စေဖို့ ကံတစ်​ခုဖန်​တီးယူတဲ့သ​ဘောပါ ။ ပထမတစ်​ကြိမ်​တင်​​ပေးခဲ့တုန်းက ​ရေးတာကိုသ​ဘောမ​ပေါက်​ကြဘူး ။ ပထမတစ်​ကြိမ်​တုန်းကလည်း ​အောင်​မင်​သူ​တွေ ​တော်​​တော်​များများရှိခဲ့ပါတယ်​ ။

ငွေကံပွင့်​​စေဖို့ ၊ အ​ကြွေးရနိုင်​​စေဖို့မီးထွန်းပိုက်​ဆံယတြာကို ပြုလုပ်​နိုင်​ပါတယ်​ ။ ကံ​ပေးသ​လောက်​ရကြမှာပါ ။

တနင်္ဂနွေသားသမီး – နေကြာရွက် ( သို့ ) သစ္စာပန်းရွက်

တနင်္လာသားသမီး= သြဇာရွက်​ ( သို့ ) သပြေရွက်

အင်္ဂါသားသမီး = ခရေရွက်

ဗုဒ္ဓဟူးသားသမီး= စပယ်ရွက်

ကြာသပတေးသားသမီး=စွယ်တော်ရွက်

သောကြာသားသမီး=ပိတောက်ရွက်

စနေသားသမီး=လေးညှင်းပွင့်​ ၇ ပွင့့်-မကျ ည်းရွက်

မိမိတို့ နေ့သားသမီးအလိုက် ပန်း-အရွက် တမျိုးမျိုးကို ပိုက်ဆံ ၅၀၀ တန် ပိုက်ဆံ ကို ဖြန့့် လျက်ဖြစ်စေ မီးခွက် အောက်က ခံပြီး ဘုရားစင်မှာ ပူဇော် နိုင်ပါတယ်။

တစ်​ပတ်​ ပူဇော်ပီးပြီဆို အဲဒီ ပိုက်ဆံ ကို လိုအပ်ရာနေရာ တခုခု မှာလှူဒါန်းလိုက်ပါ ။ဒါပါပဲ။

ပြုလုပ်​ရမယ့်​အချိန်​က​တော့ မအားမလပ်​ဖြစ်​​နေသူများ ကြိုက်​တဲ့အချိန်​ထွန်းပါ ။

အချိန်​​ပေးနိုင်​သူများက​တော့ ​နေ့တစ်​​နေ့ရဲ့ အ​ကောင်းဆုံးအချိန်​​တွေ​ပေးထားပါတယ်​ ။ အဲဒီအချိန်​​တွေထွန်းကြ​ပေါ့ ။

တစ်​ပတ်လုံးတွက် အကောင်းဆုံး အချိန်တွေကတော့

တနင်္ဂနွေနေ့ နံနက်​/ ည – ၆နာရီမှ ၇နာရီခွဲအတွင်း ။

တနင်္လာနေ့ နံနက်​ / ည ၉နာရီမှ ၁၀နာရီခွဲအတွင်း

အင်္ဂါနေ့  ​နေ့လည်​ ၃နာရီမှ ၄နာရီခွဲအတွင်း

ဗုဒ္ဓဟူးနေ့  ​နေ့လည်​ ၁နာရီခွဲမှ ၃နာရီအတွင်း

ကြာသပတေးနေ့  နံနက်​ ၉နာရီမှ ၁၀နာရီခွဲအတွင်း

သောကြာနေ့  နံနက်​/ ည ၇နာရီခွဲမှ ၉နာရီအတွင်း

စနေနေ့ နံနက်​ ၁၀နာရီခွဲမှ ၁၂နာရီအတွင်း ​အချိန်​​တွေဟာအရေးကြီးပြီး အကျဉ်းအကျပ်​ထဲ​ရောက်​​နေသူ​တွေအတွက်​ ​ရွေးချယ်​ပူ​ဇော်​နိုင်​ပါတယ်​ ။

ဤယတြာသည်​ ကျွနုပ်​၏ စီနီယာအကိုစီရင်​​သော ယတြာဖြစ်​ပါတယ်​ ။ ကျွနုပ်​ကိုယ်​တိုင်​ သုံးစွဲ၍ အဆင်​​ပြေမှ ပြန်​တင်​​ပေးခဲ့ခြင်းပါ ။

အကြိမ်​ကြိမ်​တင်​​ပေးခဲ့ပြီးဖြစ်​ပါတယ်​။

ယခုအကြိမ်​တင်​ရာမှာ ဖတ်​ရလွယ်​​အောင်​ ပြန်​ပြီးပြင်​​ရေး​ပေးထားပါတယ်​ ။ အားလုံး အဆင်​​ပြေကြပါ​စေဗျာ ။

Credit: မြန်​မာ့​ဗေဒင်​နှင့်​ နဝင်းစီးပွဲ ဓာတ်​ယတြာ

Loading...

Facebook Comments