အောင်လအန်ဆန်ကို စိန်ခေါ်သွားတာ ဘယ်သူလဲ

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဟာဆဲဂါဝါ ကို ဒုတိယအချီနဲ့ အလဲထိုးပြီး မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ဆုကို အောင်လအန်ဆန် ကာကွယ်နိုင်ပြီး ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ နောက်ထပ်ရွှေခါးပတ်တစ် ခုဖြစ်တဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဘွဲ့ကို စိန်ခေါ်ခြင်း ခံခဲ့ရပါတယ်။ အောင် လအန်ဆန်ကို ပွဲပြီးလျှင် ပြီးချင်းမှာပဲ ကြိုးဝိုင်းပေါ်တက် စိန် ခေါ်သွားခဲ့တဲ့ ဖြစ်ရပ်အ ပေါ် မြန်မာပရိသတ်တွေ စိတ်ဝင်စားမှု ရှိခဲ့ပြီး စိန် ခေါ်သူက ဘယ်သူလဲဆို တာကိုတော့ အခု အကျယ်တဝင့် ဖော်ပြပေးချင်ပါတယ်။ စိန်ခေါ်သူက ဘန်ရန်ဒန်ဗီရာဖြစ်ပြီး အမေရိကန်-ဖိလစ်ပိုင်နွယ်ဖွား အမေရိကန်နိုင်ငံသားဖြစ်ပြီး ဟဲဗီးဝိတ်တန်း ချန်ပီယံလည်း ဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အ ပြင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကိုပါ ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။ သူပိုင်ဆိုင်ထားတဲ့ လိုက်ဟဲဗီးဝိတ်တန်းမှာ ယှဉ်ပြိုင်ထိုးသတ်နေကြတဲ့ ကစားသမားအ ရေအတွက် နည်းပါးလွန်းတာကြောင့် တစ်နှစ်ကျော် ကြာတဲ့အထိ ချန်ပီယံ ကာကွယ်ပွဲနဲ့ ဝေးကွာနေခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂ဝ၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဝမ်းချန်ပီယံရှစ်ရဲ့ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲ (MMA)မှာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ အမေရိကန်- ဖိလစ်ပိုင်နွယ်ဖွား၊ အမေရိကန်နိုင်ငံသား ဘရန်ဒန်ဗီယာက စိန်ခေါ်ခဲ့သလို အောင် လအန်ဆန်ကလည်း ယှဉ်ပြိုင်ထိုးသတ်ဖို့ လက်ခံခဲ့ပါတယ်။

ဒီပွဲစဉ်ကို ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်ဖို့ သဘောတူညီခဲ့ပေမယ့် အောင်လအန်ဆန်ရဲ့ ဝိတ်က ၁၈၅ ပေါင်၊ ဘရန်ဒန်ဗီယာရဲ့ဝိတ်က ၂၅ဝ ပေါင် ဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ကြားမှာ ဝိတ်ကွာခြားမှု ရှိနေပြီး အောင်လအန်ဆန်က လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကာကွယ်ဖို့အတွက် ပေါင် ၂ဝ ထပ်တင်ရမှာ ဖြစ်သလို၊ ဘရန်ဒန်ဗီယာက ၄၅ ပေါင် လျော့ကြ အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လိုက်ဟဲဗီးဝိတ်တန်းအတွက် သတ်မှတ်ထားတဲ့ ဝိတ်က ၂ဝ၅ ပေါင် ဖြစ်ပါတယ်။ ဘရန်ဒန်ဗီယာက နပမ်းမှာ အရမ်းထူးချွန်ပြီး ကစ်ဘောင်ဆင်၊ ဂျူဂျစ်ဆုအစရှိတဲ့ ကိုယ်ခံပညာရပ်တွေ ကျွမ်းကျင်တဲ့ ကစားသမားတစ်ဦးပါ။ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်ဝမ်နိုင်ငံသား ပေါလ်ချန်ကို ပထမအချီ စက္ကန့်ပိုင်းအတွင်းမှာပင် အလဲထိုးဖြင့် အနိုင်ယူခဲ့တဲ့သူပါ။ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာမှာတော့ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲကို ဂျပန်နိုင်ငံသား ဟိဒဲခိဆဲခိနဲနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကာကွယ်နိုင်ခဲ့သူပါ။

အောင်လအန်ဆန်ကတော့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကိုပဲ ကာကွယ်ပွဲထိုးသတ်နေခဲ့တာ သုံးပွဲရှိပါပြီ ဘရန်ဒန်ဗီယာနဲ့ပွဲက သူရဲ့ပထမဆုံး လိုက်ဟဲဗီးဝိတ် ကာကွယ်ပွဲ ဖြစ်လာမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အောက်တိုဘာလမှာ ကျင်းပမယ့် MMA ပွဲ ပြီးရင် အောင်လအန်ဆန်က ၂ဝ၁၉ ခုနှစ် မကုန်မီ မြန်မာနိုင်ငံ ရန် ကုန်မြို့မှာတစ်ပွဲ လာရောက်ယှဉ်ပြိုင်ထိုး သတ်မယ်လို့သိရပါတယ်။ ဒီပွဲစဉ် ယှဉ်ပြိုင်ဖြစ်ခဲ့ရင် ဘရန်ဒန်ဗီယာရဲ့ အသက်က (၄၂)နှစ် အရွယ်ရှိနေ ပြီး အောင်လအန်ဆန်က (၃၃)နှစ်သာရှိသလို MMA ပွဲ အတွေ့အကြုံကလည်းများတဲ့အတွက် အောင်လအန်ဆန်က ပိုမို ကောင်းမွန်တဲ့ အနေအထားဘက်မှာ ရှိနေပါတယ်။ ဘယ်လိုရလဒ် ထွက်မလဲဆိုတာ ခန့်မှန်းရ ခက်ပေမယ့် မြန်မာပရိသတ်တွေ အကြိုက်တွေ့မယ့် ပွဲစဉ်တစ်ပွဲပါ။

Credit :Yangon Media Group

Loading...

Facebook Comments