ဖောက်ပြန်တတ်တဲ့ သူတွေမှာ တွေ့ရတဲ့ အကျင့်စရိုက်တွေ

1အောင်သွယ်တော်တွေကြောင့် တခါတလေမှာ ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးကို တချို့က ရခဲ့ကြသလို တချို့က အောင်သွယ်တော်တွေကြောင့် ဖောက်ပြန်မှုတွေဖြစ်ခဲ့ပါတယ်။အောင်သွယ်တော်ဆိုတာ နှစ်ဦးနှစ်ဖက်ရင်းနှီးမှုရှိတဲ့အတွက် သူဟာ စုံတွဲထဲက တစ်ယောက်နဲ့ ပြန်လည် ဖောက်ပြန်တာမျိုးဖြစ်တတ်ပါတယ်။ဒါမျိုးဟာ သတိထားသင့်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။

2တခါတလေတော့ ကိုယ်နဲက ချစ်သူသက်တမ်း နည်းနည်းရလို့ ယုံကြည်စိတ်ချလိုက်ပေမယ့် အဆက်ဟောင်းက သူ့ကို ပြန်လာကပ်လို့ သူတို့ချင်း တိတ်တဆိတ် ရွှေလက်တွဲနေတာမျိုးရှိတတ်ပါတယ်။ဒီလို မပြတ်သားမှုကြောင့် ကိုယ်ဟာ ကြားထဲက အစားထိုးခံဖြစ်တတ်ပါတယ်။

3.ဒီပုံပြင်ကတော့ ရိုးမသွားတဲ့ သူဌေးနဲက အလုပ်သမားဆက်ဆံရေးဖြစ်ပါတယ်။သူဌေးဆီက အဆောင်အယောင်တွေဟာ လူတစ်ယောက်ကို ယိမ်းယိုင်သွားနိုင်တဲ့ အကြောင်းပြချက်ဖြစ်ပြီး တဖက်က ချစ်သူကိုလဲ လက်မလွတ် သူဌေးနဲ့လည်း တွဲမပျက်ဆိုတာမျိုးတွေ ရှိပါတယ်။

4.သူငယ်ချင်း အချင်းချင်း အိမ်နီးချင်းအချင်းချင်း ချစ်ကြိုက်တာရှားပေမယ့် လိင်မှုကိစ္စသီးသန့်အတွက် ဖောက်ပြန်တတ်တာတွေ ဖြစ်တတ်ပါတယ်။ီလို အခြေအနေမျိုးမှာ ရည်းစားရှိနေပေမယ့် တိတ်တဆိတ်ဖောက်ပြန်မှုကို လုပ်နေတာမျိုးတွေ ရှိပါတယ်။

6.တစုံတယောက်က ပစ်ချထားခဲ့တာ ဒါမှမဟုတ် ကိုယ်က မထွက်ခွာစေချင်တဲ့ သူစိမ်းယောက်ျားတစ်ယောက်ဆိုရင် အမျိုးသမီးတွေဟာ ပေးဆပ်ပြီး သူတို့နဲ့ အတူရှိအောင် ပြန်လည်မြူဆွယ်တတ်ပါတယ်။ဒါမျိုးက ရှားပေမယ့် တခါတလေမှာ ချစ်သူမဟုတ်ပဲ ခင်သူနဲ့လည်း ဖြစ်တတ်တဲ့ ကိစ္စဖြစ်ပါတယ်။

7ဒါကကျတော့ တဖက်စုံတွဲနဲက အောင်သွယ်ဖြစ်ခဲ့တဲ့ သင်က သင့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းနဲ့ လိင်မှုကိစ္စပြန်လည်ဖောက်ပြန်တာမျိုးဖြစ်တတ်ပါတယ်။ဒါမျိုးအခြေအနေဟာ ဖြစ်လေ့ဖြစ်ထရှိနေတဲ့ ကိစ္စဖြစ်ပါတယ်၊

8.တခါတလေ ကိုယ်ရဲ့ လက်တွဲဖော်ဟာ လိင်ကိစ္စ စိတ်မပါတာမျိုးဖြစ်တာကို တခြားတစ်ယောက်အပေါ် စိတ်ရောက်နေပြီလို့ တသမှတ်ထဲ ဆုံးဖြတ်တတ်ပါတယ်။ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အရွဲ့တိုက်ကာ ကိုယ်ကလည်း တခြားတစ်ယောက်ကို လိင်မှုကိစ္စအတွက် ရှာဖွေတာမျိုးလုပ်တတ်ပါတယ်။

9လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုမှာ အဆိုးရွားဆုံးကိစ္စကတော့ မိသားစုချင်းဖောက်ပြန်မှုဖြစ်ပါတယ်။သွေးရင်းသားရင်းဖောက်မှုမဟုတ်ပဲ ခဲအို၊ခယ်မ၊မရီး၊မတ် စတဲ့ ဇာတ်လမ်းတွေဖြစ်ပါတယ်။

10.သူစိမ်းတစ်ဦးနဲ့ လိင်ဖောက်ပြန်မှုဖြစ်နိုင်ခြေဟာ နေ့စဉ်တိုင်းအတွက် 50% ရှိတယ်လို့ ဆိုပါတယ်။ဒီလိုအခြေအနေမျိုးမှာ ကွန်ဒုံးသုံးဖို့ မေ့တာဟာ 80% ဖြစ်ပါတယ်။ဒါဟာ မဖြစ်သင့်တဲ့ ပြဿနာတွေများစွာဖြစ်လာနိုင်တဲ့ အကြောင်းတရားတခုဖြစ်ပါတယ်။

Credit:Nanmalgyi

Loading...

Facebook Comments