လှပ်၍လွင့်သော ကို လူလုံးဝ မကြည့်တဲ့ အပေါ် ခံစားချက်ကို ပြောပြတဲ့ မို့မို့မြင့်အောင်

တစ်ချိန်က ပရိသတ်တွေ အသည်းစွဲ ဖြစ်သူ၊ ယခုအချိန်အထိလည်း အောင်မြင်မှုကို ဆက်ထိန်းထားနိုင်သေးတဲ့ ဝါရင့် သရုပ်ဆောင် မိုးမိုးမြင့်အောင်က မကြာခင် ရက်ပိုင်းက ရုံတင်ခဲ့တဲ့ လှပ်၍လွင့်သော ဇာတ်ကား ကို လူ့ကြည့်နည်းတဲ့အပေါ် သူ့ရဲ့ အမြင်ကို ဒီလိုပဲပြောပြပေးသွားခဲ့ပါတယ်။ ဒါကတော့ သူ့ခံစားချက်နဲ့သူ မျိုးစုံ ရှိကျတာပေါ့ တက္ကသိုလ်စာမေးပွဲတွေ ရှိတဲ့အတွက်ကြောင့်လည်း ပါရင်ပါမှာပေါ့ ဒီအကြောင်းအရာဖြစ်ချင်မှလည်းဖြစ်မှာပေါ့။ ဒါပေမယ့် ကိုယ်တွေကတော့ ပရိသတ်ဆီ အနုပညာတစ်ခုရောက်အောင် လုပ်ထားတာပေါ့လေ။ ဒီကားထဲမှာလည်း မို့ရဲ့ Scene က နည်းပါတယ်။ ရုံထဲမှာ လူမရှိတဲ့အတွက် Producer အတွက်တော့ စိတ်မကောင်းတော့ ဖြစ်ရတာပေါ့နော်။ ကိုယ်လုပ်ထားတဲ့ အနုပညာလေး ပရိသတ်ဆီ မရောက်ဖူးဆိုတော့ စိတ်မကောင်းတော့ ဖြစ်ရတာပေါ့။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အဲ့လို ဖြစ်တတ်သလားပေါ့ ရှိမှ မရှိခဲ့ဖူးခဲ့ပဲကို လို့ အံ့သြမိပါသေးတယ်။ ကားတစ်ကား သရုပ်ဆောင်တယ်ဆိုတာက ပရိသတ်ရင်ထဲကိုရောက်အောင် ခံစားမှုလေးကို ပေးလိုက်ချင်တာပေါ့နော်၊ ဥပမာ ဒီဇာတ်ကားထဲမှာ မကြည်ပြာ ဆိုရင် မကြည်ပြာ ပရိသတ်ရင်ထဲကိုရောက်သွားပါစေလို့ မို့မို့ ကြိုးစားတာပါ။

အဲ့ဒါကလည်း မို့မို့ရဲ့ ဆရာ ဒါရိုက်တာ မောင်တင်ဦးလက်ထက် ထဲက သွန်သင်ဆုံးမခဲ့တာပဲ အဲ့ကာရိုက်တာ တစ်ခုက ရုံထဲက ထွက်သွားရင် ပရိသတ် ရင်ထဲရောက်သွားရမယ် ဆိုတာမျိုးပေါ့နော်။ မို့မို့မြင့်အောင်ဆိုရင် မို့မို့မြင့်အောင်က မပါရဘူး အဲ့ ကာရိုက်တာက ပါသွားရမယ် ဆိုတာမျိုးပေါ့ အဲ့တော့ လာကြည့်တဲ့ ပရိသတ်ရင်ထဲ မကြည်ပြာပါသွား စေချင်တာပေါ့။ ဒါမဲ့ မကြည်ပြာကို လာမကြည့်တော့ မကြည်ပြာ စိတ်မကောင်းဖြစ်ရတာပေါ့ရှင်။

နောက်ထက် ပရိသတ်ကိုပြောချင်တာက မို့မို့ကတော့ တစ် Scene လေးပဲပါတာပါ။ ဒါမဲ့ တစ် Scene လေးထဲမှာလည်း မို့မို့ရဲ့ ပါးပါးလေး လုပ်ထားတဲ့ အိုက်တင်ပေါ့လေ ပြောရရင်တော့ ဗိုလ်ဆန်ဆန် အိုက်တင်လေး လုပ်ထားတာပေါ့။ ဒါမဲ့ ပရိတ်သတ်ကြီးက လာမကြည်တော့ မို့မို့ စိတ်မကောင်းဖြစ်ပါတယ်။ ကြည့်တဲ့ ပရိသတ် တွေအတွက်လည်း အကောင်းဆုံးဖြစ်အောင် ရိုက်ထားတာ မြင်ရပါလိမ့်မယ်။ မကြည့်ရသေးတဲ့ ပရိသတ်ကြီးလည်း လာကြည့်ပေးကြပါလို့ မေတ္တာရပ်ခံခဲ့ပါတယ်။

Credit:Nanmalgyi

Loading...

Facebook Comments