အကယ်ဒမီ အဆုံးအဖြတ်ကိစ္စ အကဲဖြတ်အဖွဲ့ ဥက္ကဌ ဒါရိုက်တာ ကြည်စိုးထွန်း ပြောပြီ

(၂၀၁၈) ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ (၂၃) ရက်နေ့က ပွဲဆူသံများနဲ့အတူ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုနှစ် အကယ်ဒမီပေးပွဲက ယခင်နှစ်များထက်ပိုပြီးပွဲဆူခဲ့ပါတယ်။ ရုပ်ရှင်အစည်းအရုံးနဲ့ အကယ်ဒမီအကဲဖြတ်လူကြီးများ အပေါ်မှာလည်း ပြင်းထန်စွာဝေဖန်ရှုံ့ချမှုတွေ ရှိနေတဲ့အပြင် နှုတ်ထွက်ကြဖို့ပါ တိုက်တွန်းနေကြပါတယ်။

ထိုဆူညံသံများနဲ့ ပတ်သက်ပြီး အကယ်ဒမီအကဲဖြတ်အဖွဲရဲ့ ဥက္ကဌဖြစ်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်းက တည်ငြိမ်အေးဆေးစွာနဲ့ ပရိသတ်တွေရဲ့ မကျေနပ်ချက်တွေ အတွက်အကယ်ဒမီဂုဏ်ပြု ညစာစားပွဲမှာ အခုလိုပြောလာခဲ့ပါတယ်

ပရိသတ်များရဲ့ မြန်မာ့အကယ်ဒမီကို ဝေဖန်ရှုံ့ချချက်အပေါ် ဒါရိုက်တာ ကြည်စိုးထွန်းက လူငယ်တွေကို အစားထိုးမယ်ဆိုရင် လက်ခံပြီးနေရာက ဖယ်ပေးမှာပါလို့ဆိုလာပါတယ်။

“အဖိုးကြီးတွေ ၊ အဘွားကြီးတွေ ဆုံးဖြတ်တာ ၊ ခေတ်မမီဘူးထင်ရင်၊ မမျှတဘူးထင်ရင် လူငယ်တွေ နဲ့ အစားထိုးကြပါ။ လက်ခံပါတယ်။ ဘယ်လိုလူငယ်တွေနဲ့လုပ်ကြမလဲ၊ မျှတရင် ပြီးတာပါပဲ။ပရိတသ်တွေရဲ့ မကျေနပ်ချက်ကတော့ ဆရာတို့ရဲ့လိုအပ်ချက်လို့လည်း ထင်ပါတယ်။

ဆရာတို့ရဲ့ အသက်ကြီးတာတို့၊ အတွေးအခေါ်တွေ အိုတာတို့ ဖြစ်နိုင်ပါတယ်။ အသစ်တွေကိုလည်း ရှာပါ။ ဆရာတို့ကဖယ်ပေးမှာပါ ” လို့ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။မြန်မာ့ရုပ်ရှင်အတွက် အလားအလာရှိတဲ့ ခီမောင်နှံတို့ကိုမျက်စိကြသလို သရုပ်ဆောင်လူသစ်များကိုလည်း ကြိုဆိုပါတယ်လို့ ဆိုလာပါတယ်။

“ရတဲ့သူတွေကိုလည်း ဂုဏ်ပြုပြီးသလို အလားအလာရှိတဲ့ ဇာဏ်ခီဇနီးမောင်နှံတို့ကို ကျွန်တော်အတော်မျက်စိကျပါတယ်။ ပြီးတော့ အာကာတို့အုပ်စု ကိုလည်းကြိုဆိုပါတယ်။ ခါရာတို့၊ညဏ်ထင်တို့၊ အဲလစ်၊ အောင်မြင့်မြတ်တို့ ကြိုဆိုပါတယ်။ ဂီတဘက်က ကူးလာတဲ့ လွှမ်းပိုင်၊ ရဲ့ရင့်အောင်တို့ ကျနော်သဘောကျပါတယ်။

အထပ်ထပ်ဖြစ်နေတဲ့လူတွေထက် သရုပ်ဆောင်သစ်တွေထွက်လာတာကိုကျွန်တော်တိုက သေဘာကျပါတယ်။ သမ္မတကြီးထံသို့ ပေးစာထဲက ချမ်းမင်းရဲထွဋ် မျက်စိကျတယ်။ ဥပါယ်တံမျဉ်ထဲက အောင်မြင့်မြတ်၊ လှယဉ်ကျေး နဲ့ ဒါရိုက်တာ ဏကြီး တို့ ကိုလည်း ကျွန်တော်သဘောကျပါတယ်” လို့ ဆိုပါတယ်။

Loading...

Facebook Comments