မိခင်ဖြစ်သူရဲ့ နောက်ဆုံးဈာပနအခမ်းအနားကို အရောက်မလာနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေတဲ့ သရုပ်ဆောင်ဟန်နီထွန်း

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချော ဟန်နီထွန်းကလည်း အပါအဝင်ပါပဲ..။

တချိန်ကဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးဟန်နီထွန်းကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပြည်ပမှာနေထိုင်နေပေမယ့် ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း ယနေ့အချိန်ထိ ရှိနေဆဲပါပဲနော်..။

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ဟန်နီထွန်းရဲ့ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်မြင့် ဟာ ပြီးခဲ့တဲ့မတ်လ(၂၄)ရက်နေ့ နံနက်(၆)နာရီအချိန်မှာ ရန်ကုန်မြို့ ရွှေလမင်းဆေးရုံကြီးမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်..။

ဟန်နီထွန်းကတော့ ပြည်ပမှာ ရောက်ရှိနေတာမို့ အကြောင်းအမျိုးမျိုးကြောင့် မိခင်ဖြစ်သူရဲ့ ဈာပနအခမ်းအနားပွဲလေးကို မတတ်ရောက်နိုင်ခဲ့လို့ အတော်လေးကို စိတ်မကောင်းဖြစ်နေပါတယ်နော်..။

ကွယ်လွန်သူ ဒေါ်ကြည်ကြည်မြင့် အသက်(၈၅)နှစ်ရဲ့ နောက်ဆုံးဈာပနအခမ်းအနားကို ကွယ်လွန်သူရဲ့ ဆန္ဒအတိုင်း ကွယ်လွန်သွားခဲ့တဲ့ မတ်လ(၂၄)ရက်နေ့မှာပဲ မွန်းလွှဲ(၁)နာရီက ရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ကြတာ ဖြစ်ပါတယ်နော်..။

ဟန်နီထွန်းကတော့ မိခင်ဖြစ်သူရဲ့ ရက်လည်ဆွမ်းသွတ်တရားတော်နာအလှူလေးကိုတော့ လာမယ့် မတ်လ(၃၀)ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်နော်..။

Credit:ဟန်နီထွန်း

Loading...

Facebook Comments