အကယ်ဒမီ ကိစ္စ ပန်ဆယ်လို လည်းပြောပြီ

မကျေနပ်သေးဘူး။ ထပ်ရေးဦးမယ်။

နေပါဦး… ခင်ဗျားတို့က ရုပ်ရှင်ရိုက်မှာလား။ ပညာပေးမှာလား။ ရုပ်ရှင်မှာ ပညာမပေးရဘူး မဆိုလိုဘူး။ ပညာပေးမှကို ရုပ်ရှင်လို့ ထင်နေတာကြီးကို ခံစားမရတာ။

ပရိတ်သတ်ကို ကကြီးမသိ ခခွေးမသိတွေကျနေ။ ပေးချင်လိုက်တဲ့ ပညာဆိုတာ။ လက်အုပ်လေးချီပြီး ရုပ်ရှင်ကြည့်ရတော့မလိုပဲ။ ပေးလိုက်တဲ့ မက်ဆေ့ခ်ျဆိုတာ အော်ပရေတာတွေထက် နှာတစ်ဖျားသာသေး။

သူများကိုချည်း ပညာတွေ လှိမ့်ပေးချင်နေတယ်ဆိုတော့ အရမ်းတွေ တော်နေကြတာကိုး။ တစ်ည $100ရတဲ့ ပြည့်တန်ဆာက ဆယ်ရက်ပဲ အော်ဖာရ တစ်လကို $1000။ မြန်မာငွေ ဆယ့်ငါးသိန်း။ ဝတ်တော့လည်း စုတ်တီးစုတ်ပြတ် မိတ်ကပ်တောင်မပါ။

ရန်ကုန်မှာ ငွေတစ်သိန်းလောက်ဆို တိုက်ခန်းငှားနေလို့ရတာ ဇာတ်နာအောင် ဒလသွားနေလိုက်သေးတယ်။ တစ်လ ဆယ့်ငါးသိန်းမှာ တစ်သိန်းလောက် အိမ်ငှားဖို့ မသုံးနိုင်ဘဲ သဗ္ဗာန်ကြီးစီး ဒလပြန်ပြနေရအောင် ပေါင်းနှုတ်မြှောက်စားတောင် မတတ်ကြဘူးလားမသိ။ ဒါနဲ့တောင် ပညာတွေ ပေးချင်နေလိုက်တာ…

ကလပ်ကကြက်ကို ကန်ဘောင်ကကြက်က ကြက်ဘာသာစကားတွေ ပြန်သင်ပေးနေတာ ရယ်လိုက်ရတာ တခွိခွိ။ ပရိသတ်ကို ကြက်စကား သင်ချင် သင်ချင်တယ် တည့်မပြောဘူး။ လလေးလုံးတွေ။ ပညာသိပ်ပေးချင်ရင်လည်း ရုံထဲ AIDSလက်ကမ်းကြော်ငြာ ဝေလိုက်လေ။ ဘယ့်နှယ့် အလုံးလိုက်တွေ ထည့်နေရတာလား။

မုန်းစွဲဆို အိုင့်မှာ ကြိုက်လွန်းလို့ ပြောလိုက်ရတာ တဖွဖွ။ ဒါပေမယ့် ဘာသာရေးကားမို့ အဲ့လောက်စွတ်ပေးချင်ရင်လည်း ဆရာတော်အရှင်ဆန္ဒာဓိကပဲ သွားပေးလိုက်ပါတော့လား။

အနုပညာဟာ အနုပညာလိုပဲ ရှိနေသင့်တယ်။ ပရိသတ်က ခံစားမယ်။ စီးမျောမယ်။ ဒါပဲ ခင်ဗျားတို့မှာ တာဝန်ရှိတာ။ ပရိသတ်ကို သောက်နကန်းတစ်လုံး မသိသူတွေ ကျနေတာပဲ… ပေးလိုက်ရတဲ့ ပညာ၊ ပေးလိုက်ရတဲ့ မက်ဆေ့ခ်ျဆိုတာ။

ပြည့်တန်ဆာတွေကိစ္စက စာတွေ၊သီချင်းတွေ၊ရုပ်ရှင်တွေ အဖန်တစ်ရာတေနေပြီ။ ကြည့်တဲ့လူက မက်ဆေ့ခ်ျပဲရလား။ ဖွေးစိန်ချွတ်ထားတဲ့ ဘရာစီယာဆိုဒ်ပဲ စိတ်ဝင်စားလားလဲ စေ့ငုလိုက်ဦး။ သူတို့ရိုက်ပြမှ ပရိသတ်က ပြည့်တန်ဆာတွေဘဝ သိရတာ ကျနေ။ ဘုရားထူးခံချင်တဲ့ စိတ်ဓါတ်တွေ။

ပညာပေးကားမှ အကယ်ဒမီ ပေးမှာလား။ ပရိသတ်က ပညာပေးမှကို ရမယ့် ပညာမတတ်တဲ့လူတွေချည်းပဲလို့ သတ်မှတ်ထားတာလား။ မျက်ရည်ဘူးသီးလုံးလောက် ကျပြမှပဲ ပရိသတ်က ခံစားတတ်တယ် ထင်နေတာလား။

ဪ… မေ့လို့ ဆေးခြောက်တစ်ကျပ်သားမိရင် ထောင်နှစ်ဆယ်နဲ့ချီ ချပစ်တဲ့ နိုင်ငံမှာ စင်ပေါ်တက်ပြီး ကျွန်တော်ဘိန်းစားပါဆိုတာမျိုးကြီးက ပေးတဲ့မက်ဆေ့ခ်ျမျိုးကို ပိတ်ကားရှေ့မှာ စာအုပ်နဲ့ ဘော့ပင်ကိုင် ပညာရလေချင်းဆိုတဲ့ ပရိသတ်မျိုးတွေချည်းပဲ ထင်နေတာလား။

ဇာတ်လမ်းနာမည်က ကော်ပီ ကျောရိုးက ခပ်ဆင်ဆင် ဇာတ်ဝင်တီးလုံးက ဂျပန် နာရူတိုထဲက ပေးသွားတာတွေက အတုံးလိုက် အတစ်လိုက် ဝိုင်းဆဲကြတာ ဝက်ဝက်ကွဲ ဒါကိုပဲ ပရိသတ်ပေးတဲ့ အကယ်ဒမီဆိုပြီး စင်ပေါ်တက် မဲ့ကာရွံကာနဲ့ ပေါဂုဏ်မောက်သွားလိုက်တာဆိုတာ ပြန်ဆင်းသွားမှပဲ ပုဆိုးလှန်ပြမသွားတာကိုပဲ ကြံဖန်ကျေးဇူးတင်မိတယ်။

တော်ပါပြီ အုန်းကရေကရာရယ် ငါ့နှယ် မနက်ပိုင်း Clean Up Challenge မှာ အီးတောထဲနေခဲ့ရတာတောင် ညပိုင်း အဲ့လူမျက်နှာ မြင်ရတာလောက် အော်ဂလီမဆန်မိဘူး..

ရွံတာ ရွံတာဆိုတာလေ…Source : အိပန်ဆယ်လို

Loading...

Facebook Comments