နေပူပူထဲမှာ စိတ်ရောဂါသည်မိခင်နဲ့အတူ အပူဒဏ်ကို မီးမြိုက်သလို ခံစားနေရတဲ့ ကလေးငယ်ကို မကယ်တင်နိုင်ခဲ့

နေကပူ – သဲ​တောထဲ ထီးတ​ချောင်းနဲ့  မီးမြိုက်​ခံ​နေရတဲ့ သုံးလအရွယ်​ သမီးငယ်​ဟာ စိတ်​​ဝေဒနာရှင်​ အ​မေက ဝတ်​​ပေးထားတဲ့အ​နွေးထည်​များနဲ့ ​ချွေးပြိုက်​ပြိုက်​ ကျ​နေပါတယ်​ -ညာဘက်​​ခြေ နဲ့ ညာဘက်​မျက်​နှာ​ယောင်​အမ်း​နေပြီး အသားနည်းနည်း ဝါ​နေပါတယ်​အသားဝါ နဲ့ ​ကျောက်​ကပ်​ပိုင်း လို့ ယူဆမိပါတယ်

ဒီလိုသာ ဆက်​ထားရင်​ က​လေးခဗျာ သေရချည့်​ရဲ့  – အဲ​တော့ က​လေးအ​မေကို ညှိနှိုင်းတယ်​- ပါလာတဲ့ နို့ ဗူး​ဖျော်​ – က​လေးကို တိုက်​ – က​လေးကို အနည်းငယ်​ သန့်ရှင်းရေးလုပ်​ – က​လေး​ဆေးကုနိုင်​ဖို့ ​ချော့​မော့ ပြော​ပေမယ့်​ ထုံးစံအတိုင်း မရပါဘူးအဲ့​တော့ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးနဲ့ အသင်းအဖွဲ့ ​တွေကို​ခေါ်

ကျွန်​​တော့်ရည်​ရွယ်​ချက်​ကို ရှင်းပြ လိုက်​တယ်​- က​လေးအ​မေကို အိပ်​​ဆေးထိုးအ​မေအိပ်​တာနဲ့ က​လေးကို​ခေါ်သန့်ရှင်း​ရေးလုပ်​ – က​လေး​ဆေးရုံ​ခေါ်သွားဆေးစစ်​မယ်​ – ​ဆေးကုသ​ပေးမယ်​ -အားလုံး ကျန်းမာ​ရေး စိတ်​ချရပြီဆိုရင်​က​လေးအ​မေရဲ့ ​ဆွေမျိုး​တွေဆီ ပြန်​အပ်​​ပေးမယ်​ ( ဆက်​သွယ်​လို့ ရရင်​ – ​ဆွေမျိုးတွေကလဲ ​မွေးချင်​တယ်​ ဆိုရင်​ )

က​လေးအ​မေကို ​ဆေးကုလို့ ​ပျောက်​မယ်​ဆိုရင်​ ​ဆေးကုပြီး က​လေးကို ပြန်​အပ်​မယ်​ကုလို့ မရရင်​ ရပ်​ကွက်​အုပ်​ကြီးနဲ့ တကွလူကြီးများဆီ ​ခေတ္တပြန်​အပ်​ပြီး အဆုံးအဖြတ်​ရယူမယ်​ – ကျွန်​​တော့်​ကို ​ပေးရင်​ ကျွန်​​တော့်​ဆီမှာထားမယ်​ – လူမှုဝန်​ထမ်းအပ်​မယ်​ဆိုလဲလူကြီးများ သ​ဘောပဲ

ကျွန်​​တော်​ခံယူချက်​က က​လေး​ကောင်းရင်​ပြီး​ရော – က​လေးအန္တရာယ်​က လွတ်​သွားဖို့ ပဲ – အဲ့လို ရှင်းပြလိုက်​​တော့ အားလုံးသ​ဘော
တူကြတယ်​ – အိပ်​​ဆေးထိုးဖို့ က​လေးမိခင်​ကိုစည်းရုံးတာလဲ ​အောင်​မြင်​သွားတယ်​-အဲ့ချိန်​ အိပ်​​ဆေးထိုးခါနီးအချိန်

အရက်​နံ့ တ​ထောင်း​ထောင်း နဲ့ ဆရာဝန်​ကြီးဆိုသူတဦး ​ရောက်​လာပြီးကန့်ကွက်​ပါတယ်​ – မူးတာကလဲအ​တော်​မူး​နေပါပြီ – သူ့ အရှိန်​ကို ​ကြောက်​ပြီးရပ်​ကွက်​လူကြီးများလဲ ပြန်​ကုန်​တယ်​တခြားအသင်းအဖွဲ့ များလဲ ပြန်​ကုန်​တယ်

အစ်​ကိုကြီး ညီ​လေးက ဖိုး​ဇော်​ပါက​လေး​တွေအ​ပေါ်ထားတဲ့ ရည်​ရွယ်​ချက်​ကဒီလိုပါလို့ ​သေချာရှင်းပြလိုက်​​တော့မင်းနဲ့ ငါနဲ့ အ​စောကြီးကတည်းကလက်​တွဲရမှာ – ငါလဲ အဲ့လို ဝါသနာပါတယ်​တဲ့လာ အဲ့က​လေးအ​မေကို ငါ လိုက်​​ပြော​ပေးမယ်​ တဲ့ -

က​လေးအ​မေက သူ့ ကို အနားအကပ်​မခံပါဘူး – ဝိုင်းကူမယ့်​သူများလဲ အနားမှာ မရှိ​တော့ပြီမို့ အရက်​မူး​နေတဲ့ ဆရာဝန်​ကြီးဆိုသူနဲ့ က​လေးသားအမိကို ထားပြီးပြန်​လာခဲ့​တော့တယ်​( ​နေ့ လည်​မှ မိုးချုပ်​တဲ့ထိ ကြိုးစားခဲ့ပြီးပါပြီ – ဖြစ်​နိုင်​​ချေ အရှိဆုံးအချိန်​လဲ​ရောက်​ပြီးပြီ – ဒီထက်​ ​မှောင်​လာရင်​အ​ခြေအ​နေက ပိုဆိုးနိုင်​ပါတယ်​ )

ဘာကို သင်​ခန်းစာ ရလဲဆိုဘဝမှာ ဘာပညာကြီး ဘယ်​​လောက်​တတ်​သလဲဆိုတာက အ​ရေးမကြီး -ဆင်​ခြင်​တုံတရားနဲ့ အဓိပ္ပါယ်​ရှိ​သောလုပ်​ရပ်​များနဲ့ သာ ဘဝကို ဖြတ်​သန်းနေဖို့ လိုပါတယ်

က​လေးငယ်​​အတွက်​​တော့ စိတ်​မ​ကောင်းပါဘူး- သူ့ ခဗျာတဏှာဘီလူး​ကြောင့်​ ဝဋ်​ခံရ ပုံမှန်​စိတ်​မရှိတဲ့ မိခင်​​ကြောင့်​ ဝဋ်​ ခံ ရ- ကယ်​ဖို့ ကြိုးစားသူနဲ့ ကြုံရပေမယ့်​ ပညာတတ်​လူကြီးတ​ယောက်​ကြောင့်​ ဆက်လက် ဝ​​ဋ်​ ခံဖို့ ကြုံရပြန်​တယ်

ဦးလဲ မတတ်​နိုင်​ဘူး က​လေး​ရေ အ​ကောင်းဆုံး​တော့ ကြိုးစားခဲ့ပါတယ်

က​လေးငယ်​​လေး​တွေ ​ဘေးဘယာ ဝေးကွာကြပါ​စေ

( ဖုန်းဆက်​သတင်း​ပေးတဲ့ ဆရာ​တော်​ ဦး​ကေသရ – နဲ့ ပါဝင်​ကူညီကြသူများအားလုံး ❤❤❤ ​ကျေးဇူး ပါ

Credit:Phoe Zaw

Loading...

Facebook Comments