အတွင်းခံဘောင်းဘီ မပါသူအား ချုံပုတ်သို့ အတင်းဆွဲခေါ်ပြီး သားမယားပြုကျင့်မှု

လှိုင်သာယာမြို့၌ အလိုမတူဘဲ အတွင်းခံဘောင်းဘီ ဝတ်ဆင်ထားခြင်းမရှိသူအား ချုံပုတ်သို့ အတင်းဆွဲခေါ်ပြီး သားမယားအဖြစ် ပြုကျင့်ပွားကြောင်း စုံစမ်းသိရှိရသည်။

“၂၀၁၉ မတ်လ ၁၉ရက်နေ့ မ….. ပျောက်ဆုံးသွား၍ မိသားစုဝင်များမှ လိုက်လံရှာဖွေစဉ် စက်မှုဇုံ(၅)အတွင်းရှိ လမ်းဘေးတွင် မ….. ၏လက်အား ပြစ်မှုကျူးလွန်သူ ဘိုဘိုဝင်းမှ ကိုင်လျက်အနေအထားဖြင့် တွေ့ရှိတယ်။

မ…၏ မိခင်ဖြစ်သူမှအော်လိုက်ရာ ပြစ်မှုကျူးလွန်သူတွင် ထွက်ပြေးသွားတယ်။ မ….အား မေးမြန်းခဲ့စဉ် ၎င်းနေ့ ညနေ(၆)နာရီအချိန်ခန့်တွင် ပြစ်မှုကျူးလွန်သူမှ လမ်းလျှောက်ထွက်ရအောင်ဟု ပြောသဖြင့် ခင်မင် ရင်းနှီးသူများဖြစ်၍ လိုက်သွားခဲ့ပြီးနောက်

စက်မှုဇုံ(၅) အတွင်းရှိလမ်းဘေး ချုံပုတ်အရောက် ပြစ်မှုကျူးလွန် သူက အတင်းဆွဲခေါ်ပြီး ချုံပုတ်ထဲသို့ မ……၏ ဝတ်ဆင်ထားသော ဂျင်းစကပ်(အတွင်းခံဘောင်းဘီ ဝတ်ဆင်ထားခြင်းမရှိ)အား လှန်ပြီး၊ ပြစ်မှုကျူးလွန် သူတွင် အပေါ်မှ တက်ခွကာ သားမယားအဖြစ်(၁)ကြိမ် အတင်း အဓမ္မပြုကျင့်တယ်။

မ….တွင် မလုပ်ရန် ပြောသော်လည်း ပြစ်မှုကျူးလွန်သူက ပါးစပ်ကို အတင်းပိတ်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့သည်”ဟု သမီးဖြစ်သူ ပြောပြချက်အရ မိခင်ဖြစ်သူမှ တိုင်တန်းလာကြောင်း ရဲမှတ်တမ်းအရ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သူ ဘိုဘိုဝင်း (၂၆ )နှစ်၊ ကျောင်းလမ်း၊ (၁၃)ရပ်ကွက် နေသူအား လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေ ရဲစခန်းမှ (ပ)၈၂၈/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ဖြင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

Credit:ညီညီ(လှိုင်သာယာ)

Loading...

Facebook Comments