ဆိုင်ကယ်ဖြင့်လိုက်ပို့ခိုင်းရာမှသားမယားအဖြစ်ပြုကျင့်ရန်ကြိုးစား

ဖစ်စဉ်မှာ တရားလို မ——–(၂၀)နှစ်သည် ၂၂. ၃. ၂၀၁၉ ရက်နေ့ (၀၉၀၀)အချိန်တွင်လှိုင်သာယာမြို့၊ မီးခွက်ဈေးသို့လက်စွပ်သွားရောင်းရန်အတွက် အိမ်နီးချင်းဖြစ်သူ အာကာမင်းထက်(ခ)ပွားလေးအား ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးရန်ပြောရာ အာကာမင်းထက် (ခ)ပွားလေးနှင့်အတူဆိုင်ကယ်ဖြင့် မီးခွက်ဈေးသွားခဲ့ပြီး နောက်

မီးခွက်ဈေးမှ နေအိမ်သို့ လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာ ၊ မြေတိုင်း(၂၂)၊ဦးဖိုးလှိုင်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် ပြန်လာခဲ့ရာ ဦးဖိုးလှိုင်လမ်းဘေး ———-တည်းခိုခန်းအနီးအရောက်တွင် အာကာမင်းထက်မှ တည်းခိုးခန်းရှိ ၎င်း၏ အဒေါ်ဖြစ်သူထံမုန့်ဖိုးတောင်းသွားမည်လိုက်ခဲ့ရန်ခေါ်သဖြင့် တည်းခိုခန်း အခန်းအမှတ်(၂၇)သို့အနီးသို့ ရောက်ရှိခဲ့ပြီး။အခန်းအမှတ်(၂၇)အပေါက်ဝ ရောက်သောအခါ အခန်းအတွင်း ဝင်ထိုင်ရန်ပြောသဖြင့် အခန်းအတွင်းရှိ ကုတင်အနီး
ဖင်ထိုင်ခုံပေါ်တွင် ထိုင်စဉ် အာကာမင်းထက်မှ တရားလိုမ———အား ကုတင်ပေါ်တွန်းလဲပြီး သားမယားအဖြစ်ပြုကျင့်ရန် တရားလို၏ ခန္တာကိုယ်အား အပေါ်မှတက်ဖိကာ ပါးနမ်းရန်ကြိုးစားသဖြင့်

တရားလိုမှမလုပ်နဲ့ ဟုအော်လိုက်သဖြင့် ဖယ်ပေးပြီး မိဘများပြန်မပြောရန်ပြောသဖြင့် မ———မှ ပြန်မပြောဘူးဟုပြောဆိုပြီးအခန်းအပြင်သို့ ထွက်လာခဲ့ရသောကြောင့် တရားလိုအားအလိုမတူဘဲ သားမယားအဖြစ်ပြုကျင်ရန်ကြိုးစာအားထုတ်သူ အာကာမင်းထက်အား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်းသိရသည်။တရားလို မ———မှ တိုင်တန်သဖြင့် အာကာမင်းထက်(ခ)ပွားလေး (၂၁)နှစ် နတိစင်လမ်း (၃)ရပ်ကွက် ထန်းတပင်မြို့နယ်နေသူအားလှိုင်သာယာမြို့မရဲစခန်းမှ ပ/ ၁၆၅၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုရေးဖွင့်ကာဖမ်ဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

Credit:Tin Naing Tun

Loading...

Facebook Comments