တင်ပါးနည်းနည်း အောင့်နေလို့ အွန်လိုင်းပေါ်က နတ်သားလေးဆိုတဲ့ အနှိပ်သည်ခေါ်နှိပ်လိုက်မိသူရဲ့ ဖြစ်ရပ်ဆိုး (ရုပ်သံ)

ချော်လဲလို့  တင်မဆုံက အောင့်သက်သက်ဖြစ်နေတာကို ထိုင်း အင်တာနက် အွန်လိုင်းကနေ တဆင့်ဆက်သွယ်ပြီး နတ်သားလေး အနှိပ်သည် အမျိုးသားနဲ့  နှိပ်မိခဲ့တဲ့ ထိုင်းနိုင်ငံ ချွန်ဘူရီ မှာ နေထိုင်နေ သူ အသက်( ၄၆) နှစ် နမ်ပရနောင် ဟာ ခြေထောက်ကျိုးပြီး ဂျိုင်းထောက်နဲ့  လမ်းလျှောက်နေရပါတယ်။

သူမကို ခြေထောက်နဲ့  အတင်းဖိ ကန်ဖိနင်းနေတာကို နာလွန်လို့  ရပ်ပါပြောလည်း နတ်သားလေးက နာမှ ပြောက်မှာ ဆိုပြီး ဆက်နင်းနေပါတယ်။

အမျိုးသမီးဟာ နတ်သာလေးနဲ့ နှိပ်ပြီးကတဲက လမ်းလျှောက်မရ ဒုက္ခိတ ဖြစ်သွားခဲ့ပါတယ်။

ဆေးရုံသွားပြတော့ ခြေထောက်ကျိုးပြီး တင်မဆုံ အစစ်ရိုးလွဲသွားလို့  ဆေးကုသနေရတာ ကုန်ကျငွေ ဘတ် ၄၀၀၀၀ ကျော်ရှိပါပြီ ဆက်ကုရင် တသိန်ကျော်ကုန်ကျမယ်လို့ လည်း သိရပါတယ်။။

ဈေးလည်းမရောင်းနိုင် အိပ်ယာထဲလဲနေတဲ့ အပြင် သူမအမျိုးသားကလည်း ဆက်မပေါင်းတော့ပဲ အသစ်ရှာပြီး ပြစ်သွားခဲ့တယ်လို့  သိရပါတယ်။

အနှိပ်သည်နတ်သားလေးကတော့ ဆက်သွယ်လို့ မရတော့ပဲ ပြေးနေပါတယ်။

ခုလိုမျိုးဈေးသက်ပြီး နာနာနှိပ်တတ်တဲ့ အနှိပ်သည် မြန်မာနိုင်ငံထဲမှာ ရှိရင် လုံးဝအနှိပ်မခံကြပါနဲ့နော်။။။။။။

Credit:Tawthu

Loading...

Facebook Comments