ကျော်ေ​ကျာ်​နန္ဒအားအကယ်​ဒမီပွဲတက်​​ရောက်​ခွင့်​ စာရင်းက​နေပယ်​ဖျက်

ကျော်ေ​ကျာ်​နန္ဒအား မြန်​မာနိုင်​ငံရုပ်​ရှင်​အစည်းအရုံးမှ အကယ်​ဒမီပွဲတက်​​ရောက်​ခွင့်​ စာရင်းက​နေပယ်​ဖျက်​​ကြောင်း ​ကြေညာချက်​ထုတ်​ ။ ​မတ် ​၂၂-၂၀၁၉၊ ရန်​ကုန်​ ။ရန်​မျိုးမြင့်​နိုင်

ယခုနှစ်​ပိုင်းမှ လူမူကွန်​ယက်​စာမျက်​နှာ​ပေါ်မှာ သီချင်း​တွေတင်​ပြီး လူသိများခဲ့တဲ့ ​ကျော်ေ​ကျာ်​နန္ဒ ဆိုသူကို အကယ်​ဒမီ​ပေးပွဲ ဖိတ်​ကြားရာမှာ မှားယွင်းဖိတ်​ကြားခဲ့သည့်​အတွက်​ အကယ်​ဒမီပွဲတက်​​ရောက်​ခွင့်​ စာရင်းမှပယ်​ဖျက်​​ကြောင်း ​ကြေညာချက်​ထုတ်​တစ်​​စောင်​ကို ဒီက​နေ့မှာပဲ ထုတ်​ပြန်​ခဲ့ပါတယ်​။

မတ်လ ၂၃ ရက်နေ့တွင်ကျင်းပမည့် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတက်ရောက်ခွင့် ဖိတ်စာများထုတ်ပေးရာတွင် ခုံအမှတ် A-3, KK – 16 သည် မှားယွင်းစွာဖိတ်ကြားခဲ့ခြင်း ဖြစ်သည့်အတွက် အဆိုပါခုံအမှတ်ဖြင့် တက်ရောက်ခွင့်မှ ပယ်ဖျက်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ပယ်ဖျက်လိုက်သော ခုံအမှတ်မှာ ကျော်ကျော်နန္ဒ၏ ခုံအမှတ်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပြောဆိုနေကြသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ တက်ရောက်ခွင့် ဖိတ်စာများ ထုတ်ပေးရာတွင် ရုပ်ရှင်အနုပညာလုပ်ရှားမှု မယ်မယ်ရရမရှိဘဲ ထင်ပေါ်ကျော်ကြားလိုခြင်းကြောင့် အကယ်ဒမီပွဲတက်ရောက်လိုသူများကို ပွဲဝင်ခွင့်ထုတ်ပေးခြင်းများ ရှိနေကြောင်း အနုပညာရှင်အသိုင်းအ၀ိုင်းမှ ထောက်ပြပြောဆိုနေကြပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

The Standard Time Daily

Loading...

Facebook Comments