မောင်တောမှာ ဒုရဲတပ်ကြပ်တစ်ဦးဆီက စိတ်ကြွဆေးပြား (၁၇)သိန်းကျော် ဖမ်းမိ


မောင်တောမြို့နယ်မှာ ဒုရဲတပ်ကြပ်တစ်ဦးဆီက စိတ်ကြွရူးသွပ်ဆေးပြား (၁၇)သိန်းကျော် ဖမ်းမိတယ်လို့ အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောပါတယ်။ မတ်လ(၂၀)ရက် ညနေပိုင်းက ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ အငူမော် – မောင်တော ကားလမ်းမှာ ပိတ်ဆို့ရှာဖွေစဉ် အမှတ်(၂)နယ်ခြားစောင့်ကွပ်ကဲမှု ဌာနချုပ်မှာ နေထိုင်တဲ့ ဒုရဲတပ်ကြပ် အေးမင်းအောင် မောင်းလာတဲ့ ကားပေါ်ကနေ ဆာလာအိတ်နဲ့ ထည့်ထားတဲ့စိတ်ကြွမူးယစ်ဆေးပြား(၁၇၄၅၂၅၀)ပြားကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အင်းဒင်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထား ပါတယ်။

သတင်း – လ၀န်းရံ (စစ်တွေ)

Loading...

Facebook Comments