ဇလုံတောင်ဘုရားဖူးယာဉ်တိမ်းမှောက်

ကာမိုင်းမြို့နယ်ဝန်ထမ်းကုန်းရပ်ကွက်နေနေမျိုးဦးဆိုသူမောင်းနင်လာသော ဖားကန့်မြို့နယ် ရွှေညီအစ်ကိုအသင်းဝင် 3N-5924 နံပါတ်အနီဘုရားဖူးခရီးသည်များလိုက်ပါလာသည့်ကားတစ်စီးသည်မိုးညှင်းမြို့နယ်မော်ဟန်ကျေးရွာအနီးလွဲခမ်းတောင်အတက်တွင်ယာဉ်မတော်တဆဖြစ်ကာတိမ်းမှောက်ခဲ့ကြောင်းသိရသည်။

အဆိုပါကားတွင် မ ၅ဦး ကျား ၆ဦး လိုက်ပါလာခဲ့ပြီး ဇလုံတောင်မှဘုရားဖူးပြီးအပြန် ဖားကန့်မြို့နယ်ဘက်သို့အပြန် ယနေ့ မတ်လ ၂၀ရက်နေ့ မနက်၉နာရီခန့်အချိန်က တိမ်းမှောက်ခဲ့ရာ ဆိုင်းတောင်ကျေးရွာနေဦးမင်းမင်းဒေါ်ခင်သန္တာထွန်း၏သားအသက်(၁)နှစ်၃လရှိမောင်ချမ်းကိုကိုမင်းမှာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်းကနဦးသတင်းအရသိရသည်။

ပြည်သူ့သတင်းမီဒီယာကွန်ယက်

Loading...

Facebook Comments