မိုးညှင်းနည်းပညာကောလိပ်မှကျုတာဆရာမတစ်ဦး ၎င်း၏နေအိမ်၌ရက်စက်စွာ အသတ်ခံရ

မိုးကောင်း|မတ်-၁၈

မိုးကောင်းမြို့နယ်ပင်းဘောကျေးရွာအုပ်စုရေတွင်းကုန်းကျေးရွာတွင်မတ်-၁၇ရက်ညနေ၄နာရီခန့်ကကျုတာဆရာမတစ်ဦးအသတ်ခံရကြောင်းပင်းဘောနယ်မြေရဲစခန်းမှသိရသည်။ဖြစ်စဉ်မှာကချင်ပြည်နယ် မိုးကောင်းမြို့နယ်ပင်းဘောကျေးရွာအုပ်စုရေတွင်းကုန်းကျေးရွာတွင်မတ်-၁၇ ရက်နေ့ကမိုးညှင်းအစိုးရနည်းပညာကောလိပ်မှကျုတာဆရာမ မမာမာဝင်း(၂၅)နှစ်သည်…

၎င်းနေ့ ညနေတစ်နာရီခန့်တွင်အမည်မသိလူငယ်တစ်ဦးနှင့်နေအိမ်နောက်ဘက်မီးဖိုဆောင်ထဲတွင်ဖုန်းကစားနေသည်ကိုမိခင်ဖြစ်သူဒေါ်ကြည်အေး(၆၂)နှစ်မှ တွေ့မြင်ရပြီးသမီးဖြစ်သူအားမေးကြည့်ရာရထားပေါ်၌ခင်မင်သောဟိုပင်မြို့ မြဇေယျာရပ်ကွက်နေသူဖြစ်ကြောင်း ဖြေဆိုပြီး မိခင်ဖြစ်သူမှာ ဓမ္မာရာဇိကဘုရားကြီးအတွက်အလှူ ခံရန်နေ့လည်(၂)နာရီအချိန်ခန့်တွင်ဇီးဖြူ သီးများယူဆောင်ပြီး အလှူ ခံရုံးသို့ပြန်သွားခဲ့သည်။

ညနေ (၄)နာရီအချိန်ခန့်တွင်သမီးဖြစ်သူအားဖုန်းဆက်ရာဖုန်းမကိုင်သဖြင့် နေအိမ်သို့ပြန်ပြီး သမီးဖြစ်သူအားခေါ်ရာ ထူးသံမကြားရဘဲ နေအိမ်တွင်အမည်မသိလူငယ်အားလည်း မတွေ့ရသဖြင့်မီးဖိုဆောင်အတွင်းဝင်ရောက်ကြည့်ရှုရာသမီးဖြစ်သူမှာဝဲဘက်ပါး၌ကြီးမားသောပြတ်ရှဏ်ရာ(၁)ချက်၊ လည်ပင်းတွင်ပြတ်ရှဒဏ်ရာ(၁)ချက်ဝဲဘက်ဖခုံးပေါက်ပြဲဒဏ်ရာ (၁)ချက်ဝဲဘက်လက်မောင်းပေါက်ပြဲဒဏ်ရာ(၂)ချက် ဝမ်းဗိုက်ချက်တိုင်ဘေးထိုးသွင်းဒဏ်ရာ(၁)ချက်စသည့်ဓါးဒဏ်ရာများဖြင့်သတိလစ် လဲကျနေသည်ကိုတွေ့၍နေအိမ်ပတ်ဝန်းကျင်အားအကူအညီတောင်းခံပြီး ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံအရောက်တွင်သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ပင်းဘောနယ်မြေရဲစခန်းမှ(ပ)၅/ ၂၀၁၉ (အမှုကြီးအမှတ်စဉ်-၁/၁၉)ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့်အမှုရေးဖွင့်၍တရားခံအမြန်ပေါ်ပေါက်နိုင်ရေးနှင့်
ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်းသိရသည်။

Credit :ချိုမောင်

Loading...

Facebook Comments