Star Awards ဆု​ပေးပွဲမှ တရားဝင်​ နှုတ်​ထွက်​​လိုက်​တဲ့ သက်​မွန်​မြင့်

ဝါရင့်​အနုပညာရှင်​တစ်​ဦးဖြစ်​တဲ့ သက်​မွန်​မြင့်​က​တော့ သရုပ်​​ဆောင်​ပိုင်းမှာထူးချွန်​တာ​ကြောင့်​​ရော သူမရဲ့ပွင့်​လင်းတဲ့စိတ်​ဓာတ်​​လေး​ကြောင့်​ပါ ပရိသတ်​​​တွေက အရမ်းချစ်​ကြတာပါ။ သူမရဲ့ပရိသတ်​​တွေကိုလည်း ​လေးစားချစ်​ခင်​တဲ့ သက်​မွန်​မြင့်​က​တော့ မကြာခဏဆိုသလို ပရိသတ်​အ​ပေါ်ထားတဲ့ ​မေတ္တာကို ပြသ​လေ့ရှိသူ​လေးပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ သက်​မွန်​မြင့်​က ပရိသတ်​​တွေအားလုံး ရင်​ခုန်​​နေကြတဲ့ Star Awards ဆု​ပေးပွဲကြီးမှ နှုတ်​ထွက်​တဲ့အ​ကြောင်း ​ကြေညာလိုက်​တာ​ကြောင့်​ ပရိသတ်​​တွေက အံအားသင့်​ခဲ့ရတာပါ။ ဒါ​ပေမယ့်​လည်း ပရိသတ်​အတွက်​ စဉ်းစား​ပေးတတ်​လွန်းတဲ့ ချစ်​သက်​​လေးရဲ့ဆုံးဖြတ်​ချက်​​ကြောင့်​ သူမကို ပိုလို့အချစ်​​တွေတိုးလာကြတာပဲ ဖြစ်​ပါတယ်​။

သက်​မွန်​မြင့်​က​တော့ “ဒီ Star Awards ရဲ့ People Choice ဆု ကို မွန် ရင်ခုန်ခဲ့ပါတယ် ကိုယ့်ကို ချစ်တဲ့သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အင်အားကိုပါ မြင်ရမှာ ထုတ်ပြခွင့်ရမှာဆိုပြီးတော့ပေါ့!ခုတော့ နှုတ်ထွက်လိုက်ပါပြီနော်!!!Voting စနစ်မှာ sms တစ်စောင် ၁၅ ကျပ် ဆိုတဲ့ ငွေပေးစနစ် ပါလာတာဖြစ်တဲ့တွက် မွန့်ကို ချစ်တဲ့သူတွေရဲ့ ပိုက်ဆံမဖြုန်းချင်ပါဘူး…မွန် ချစ်တဲ့ ပရိသတ်တွေတိုင်းရဲ့ ၁၅ကျပ်ကို တန်ဖိုးထားလို့ အဲ့ဒီဆုမလိုချင်တော့ပါဘူးနော်😔😔😔

သက်မွန်ကို ချစ်တဲ့သူတွေဘက်က ခံစားမှုသက်သက်ပါ… ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ စိတ်မရှိပါဘူးရှင်🙊အမုန်းလည်း မပွားကြပါနဲ့ဦး😔🙏🏻ခုချိန်ထိ ချစ်ခြင်းတွေနဲ့ Vote ပြီးသားဖြစ်တဲ့ ချစ်ရတဲ့သူတွေကိုလည်း တောင်းပန်ပါတယ်ရှင်.. 🙏🏻🙏🏻🙏🏻” ဆိုပြီး သူမရဲ့လူမှုကွန်​ယက်​​ပေါ်မှာ တင်​ထားတာပဲ ဖြစ်​ပါတယ်​။ တကယ့်​ကို ​လေးစားစရာ​ကောင်းတဲ့ စိတ်​ဓာတ်​ပိုင်​ရှင်​​လေး ချစ်​သက်​ပါပဲ​။

ပျော်​စရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးကိုပိုင်​ဆိုင်​ထားတဲ့ သက်​မွန်​မြင့်​က​တော့ မိခင်​​ကောင်းတစ်​ဦးရဲ့တာဝန်​​တွေကိုလည်း အပြည့်​အဝ​ကျေပြွန်​သူတစ်​ဦးပဲ ဖြစ်​ပါတယ်​။ သူမကတော့ လက်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး ရုပ်ရှင်တွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ပရိသတ်​​တွေ ပိုက်​ဆံမကုန်​​စေဖို့ Star Awards ဆု​ပေးပွဲကြီးမှ နှုတ်​ထွက်​လိုက်​တဲ့ သက်​မွန်​မြင့်​ရဲ့ အ​ကြောင်း​လေးကို share ​ပေးလိုက်​ကြပါဦး​နော်​။

Credit : momolay

Loading...

Facebook Comments