ကလေးတစ်ဦးကိုသတ်ပြီးအလောင်းဖျောက်မှု၊အိပ်မက်ပေးလို့ အလောင်းကို ရှာဖွေတူးဖော်ကြည့်တဲ့အခါ

ထိုင်းနိုင်ငံ၊ ပရာချူအပ်ခီရီခန်းပြည်နယ်၊ ဟွာဟင်ခရိုင်အတွင်းမှာ သစ်ပင်ပေါ်ကကိုးနှစ်သားလေးတစ်ဦးကိုသေနတ်နဲ့ပစ်ခတ်သေဆုံးစေခဲ့ကာ အလောင်းကိုမြေမြှပ်ခဲ့သူ (၃၈)နှစ်အရွယ်အမျိုး သားက ကလေးနဲ့ရှဉ့်မှားပြီး ပစ်ခတ်ခဲ့မိတယ်လို့ ရဲတပ်ဖွဲ့ထံ ပြောလာခဲ့ပါတယ်။

ဟွာဟင်ခရိုင်ရဲတပ် ဖွဲ့ရဲ့အတည်ပြုချက်အရ ဟွာဟင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာမှာ နေထိုင်သူ ပရမ်မွတ်ခ်ခိုဆင်ကို ပြီးခဲ့တဲ့ကြာသပတေးနေ့ ည(၁၀)နာရီဝန်းကျင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တရားခံက သူဟာ ပြီးခဲ့တဲ့မတ်လ(၁၀)ရက်မှာ ဒသမ(၂၂) ရိုင်ဖယ်သေနတ်ကိုယူဆောင်ကာ ငှက်၊ ရှဉ့်တွေကို ဟင်းစားရဖို့ အမဲလိုက်ခဲ့ကာ သစ်ပင်တစ်ပင်ပေါ်မှာ လှုပ်ရှားခဲ့မှုတွေ့ခဲ့တဲ့အခါ ဘာ အကောင်မှန်းမသိပေမယ့် ငှက် ဒါမှမဟုတ်ရှဉ့်တစ်ကောင်ဖြစ်လိမ့်မယ်လို့ ယူဆကာ သေနတ်နဲ့တစ် ချက်ပစ်ခတ်လိုက်မိတယ်လို့ ၀န်ခံခဲ့ပါတယ်။

ဒါပေမယ့် ကောင်လေးတစ်ယောက် သစ်ပင်ပေါ်ကနေ ပြုတ်ကျလာခဲ့ကို တွေ့ခဲ့ရတဲ့အတွက် အဖမ်းခံရမှာစိုးတာကြောင့် အိမ်ပြန်ပြီး ဂေါ်ပြားယူကာ တောင် ကုန်းတစ်ခုရဲ့အောက်ခြေမှာ အဲဒီကောင်လေးရဲ့အလောင်းကို မြေမြှပ်ခဲ့တာလို့ ၀န်ခံဖြောင့်ချက်ပေး ခဲ့ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးပြောပြမှုအရ ကလေးနာမည်က ချယ်လာမချိုင်ဂျစ်ပါသာဖြစ်ပြီး မိဘ တွေက မတ်လ(၁၀)ရက်နေ့မှာ ကလေးပျောက်ဆုံးနေတယ်လို့ လာရောက်အကြောင်းကြား အကူအ ညီတောင်းခံခဲ့ကြပါတယ်။

ဗုဒ္ဒဟူးမနက်ပိုင်းမှာ သေဆုံးသူချယ်လာမချိုင်ရဲ့ညီဖြစ်သူက မနေ့ညက သူဟာ အစ်ကိုဖြစ်သူအကြောင်း အိပ်မက်မက်ခဲ့ပြီး အစ်ကိုက တောင်ကုန်းတစ်ခုဆီ လက်ညှိုးထိုးပြ နေခဲ့တယ်လို့ ပြောပြလာခဲ့ပါတယ်။

ဒါကြောင့် မိဘနှစ်ပါးက သွားကြည့်ခဲ့ကြတဲ့အခါ တူးဆွထားပုံရ တဲ့နေရာတစ်နေရာကိုတွေ့ခဲ့တဲ့အတွက်ရွာသူရွာသားတွေကိုခေါ်ယူတူးဖော်ကြည့်ခဲ့တဲ့အခါမှာတော့ကလေးအလောင်းကိုတွေ့ခဲ့ရပြီးခါးမှာသေနတ်ကျည်ဆန်ဖောက်ဝင်ဒဏ်ရာတစ်ခုရှိနေတာ ကိုတွေ့ခဲ့ကြရပါတယ်။

Credit : Channel B Media Group

Loading...

Facebook Comments