မြောင်းမြ အကျဉ်းထောင်တွင် အကျဉ်းသားအချင်းချင်း သတ်ဖြတ်မှုဖြစ်

ပုသိမ်၊ မတ် ၁၅

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့ မြောင်းမြ အကျဉ်းထောင်တွင် အကျဉ်းသားအချင်းချင်း လူသတ်မှုဖြစ်ပွားခဲ့ရာ အကျဉ်းသားတစ်ဦး သေဆုံးခဲ့ ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ မြောင်းမြအကျဉ်း ထောင်၏ အမှတ်(၃)အိပ်ဆောင် အခန်း(၄)အတွင်း၌ မတ် ၁၄ရက် ညနေ ၅နာရီခန့်က တစ်ခန်းတည်းသားချင်းများဖြစ်ကြသော ပဲခူးခရိုင်တရားရုံးမှ ထောင်ဒဏ် ၁ဝ နှစ်ကျခံရ၍ ၂ဝ၁၅ခုနှစ် ဖေဖော်ဝါရီ ၁ဝရက်တွင် မြောင်းမြအကျဉ်း ထောင်သို့ရောက်ရှိလာသူ အကျဉ်းသား သိန်းအောင်(၅၈)နှစ် ရွှေဘုံသာကျေးရွာ ဒိုက်ဦးမြို့နယ် ပဲခူးတိုင်းနေသူသည် အိမ်မဲမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၁၅နှစ် ကျခံလျက်ရှိသော အကျဉ်းသား ထွန်းထွန်းဦး(ခ)ဘွတ်ကလုံ(ခ)ချစ်ရအောင်(၂၂)နှစ် ပနာသိမ် ကျောင်းစုကျေးရွာ အိမ်မဲမြို့နေသူ အိပ်နေစဉ် ဆဲဆိုခဲ့သဖြင့် အကျဉ်းသားသိန်းအောင် (၅၈)နှစ်အား အသင့်ယူဆောင်လာ သော လက်လုပ်သံချွန်ဖြင့်ထိုးခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှုးကြီးထွန်းရွှေက ပြော ကြားသည်။

”အကျဉ်းထောင်ရှေ့ဘက် ခြံစည်းရိုးနားမှာ နှစ်ယောက်တွေ့ ကြတော့ ထွန်းထွန်းဦး(ခ)ဘွတ် ကလုံ (ခ)ချစ်ရအောင်က အသင့်ယူလာတဲ့ လက်လုပ်သံချွန်နဲ့ သိန်း အောင်ရဲ့ ဝဲဘက်ရင်အုံအောက်နဲ့ ဝဲဘက်ချိုင်းအောက်ကို နှစ်ချက်ထိုးခဲ့တာ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြောင်းမြဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့သော်လည်း အကျဉ်းသားသိန်းအောင်မှာ ရရှိထားသော ဒဏ်များဖြင့် ည ၇နာရီကျော်ခန့် တွင် သေဆုံးသွားခဲ့သဖြင့် အကျဉ်းသားထွန်းထွန်းဦး(ခ)ဘွတ်ကလုံ (ခ)ချစ်ရအောင်အား အရေးယူ ပေးရန် လ/ထ ကြီးကြပ်ရေးမှုး (၁) ဦးရဲမင်းအောင်ထွေးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြောင်း မြမြို့မရဲစခန်းမှ (ပ)၁၆၄/၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃ဝ၂အရ အမှု ဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးမှ သိရသည်။

Credit : Yangon Media Group

Loading...

Facebook Comments