အကယ်ဒမီ ဖွေးဖွေး ကားအက်ဆီးဒင့်ဖြစ်

အကယ်ဒမီ ဖွေးဖွေး ကားအက်ဆီးဒင့်ဖြစ်ပြီး အရေးပေါ် ခွဲစိတ်ခန်းဝင်ရ။ နိုင်ငံကျော်ရုပ်ရှင်မင်သမီး ဖွေးဖွေးသည် လွန်ခဲ့သော ရက်ပိုင်းက ကားအက်ဆီးဒင့်ဖြစ်ခဲ့ပြီး ခါးခွဲစိတ်ကုသမှု ခံယူနေရကြောင်း သိရသည်။

မတ်လ ၁၁ ရက်က “လှပ်၍လွင့်သော” ရုပ်ရှင်ဇာတ်ကားအထူးပွဲတွင် ဖွေးဖွေး တက်ရောက်နိုင်ခြင်းမရှိသည်ကို ပရိသတ်များသတိထားမိခဲ့ကြပြီး ထိုအကြောင်းအရင်းကို အားလုံးက သိချင်နေကြသည်။

ယနေ့ထွက်ပေါ်လာသည့် သတင်းများသည် ဖွေးဖွေးအတွက် စိတ်မကောင်းဖွယ်ဖြစ်နေပြီး ပရိသတ်များလည်း စိုးရိမ်ထိတ်လန့်နေကြသည်။ ပရိသတ်များချစ်သည့် “ဖွေးစိန်လေး” အမြန်ဆုံးသက်သာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

မျိုးကေခိုင်(အကုန်သိသတင်းဌာန)

Loading...

Facebook Comments