မလေးရှားနိုင်ငံအတွင်း ၀င်ရောက်မည့် တရားမ၀င် မြန်မာနိုင်ငံသား(၃၈) ဦးအား ရွာသားများသတင်းပေးမှုကြောင့် ထိုင်း ရဲတပ်ဖွဲ့ က ဖမ်းဆီး

ယခုရက်ပိုင်းအတွင်းက ဖမ်းဆီးလိုက်တဲ့ ထိုင်းနိုင်ငံ စုန်ခလာ ခရိုင် စဒေါင် မြို့ နယ် ရာဘာသစ်တော အနီးက ခြုံတောအတွင်းမှာ ပုန်းအောင်းနေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက တချို့ ဟာ ရေငတ်လို့  အနီးဆုံးထိုင်းရွာတွင်းမှာနေနဲ့  ရေခဲလာဝယ်ခဲ့ကြတာကို ကျေးရွာသားတွေက
အာဏာပိုင်တွေကိုတဆင့် သတင်းပေးခဲ့လို့  ခုလိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်းသိရပတယ်။

စဒေါင် မြို့ နယ်အုပ်ချုပ်ရေးမှူး နိုင်ဒီရဒက် နဲ့ အတူ ဒသခံ သစ်တောထိမ်းအဖွဲ့ နဲ့  ရဲတပ်ဖွဲ့  အင်အား (၂၀)နဲ့  ရွာသားတွေ သတင်းပေးခဲ့တဲ့ ခြုံတောနေရာကို ပိတ်ဆို့ ဖမ်းဆီးခဲ့ရာမှာ ထိုင်းရဲတွေမြင်တဲ့ တချို့  မြန်မာနိုင်ငံသားတွေဟာ ရာဘာတောတွင်ကို ထွက်ပြေးသွားခဲ့ကြပြီး
၃၈ ဦး (အမှိုးသမီး (၇) ဦးအမျိုးသား၃၁ ဦး) ကိုသာ ဖမ်းဆီးနိုင်ခဲ့တာပါ။

တရားဝင်စာရွတ်စာတမ်းမရှိဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို လူမှောင်ခိုပွဲစားတွေက ထိုင်းမြန်မာနယ်စပ် ရနောင်း ကနေကာတွေနဲ့  ခေါ်လာခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံ Perlis ပြည်နယ်နဲ့ 
အနီးဆုံး ထိုင်းနိုင်ငံ စုန်ခလာ ရာဘာတောထဲမှာ စောင့်ခိုင်းထားခဲ့တာ နှစ်ရက်ရှိနေပြီလို့ သိရပါတယ်။

လူပွဲစားတွေမှာ မလေးရှားနိုင်ငံ အတွင်းမှာ အလုပ်ရှာပေးဖို့  မြန်မာနိုင်ငံသားတစ်ဦးကို ကျပ် (၈)သိန်း ဘတ်ငွေ သောင်းရှစ်ထောင်ကျော်
လူပွဲစားတွေက ပွဲစားခအဖြစ် ယူထားခဲ့ကြေ င်း ဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေက ၀န်ခံထွက်ဆိုခဲ့လို့  ထိုင်းလူပွဲစားတွေ ဖမ်းဆီး နိုင်ဖို့  ဆက်လက် စုံးစမ်းစစ်ဆေးနြေေဲကာင်း သိရပါတယ်။

SAW

Loading...

Facebook Comments