ပေါ်ပင်မလုပ်တတ်တဲ့ အားနည်းချက်ကြောင့် အနုပညာလောကကနေ ကွယ်ပျောက်လုနီးပါးဖြစ်နေတဲ့ ဟဲဗီးဖြိုး

ကလေးသရုပ်ဆောင်ဆိုတာ ရုပ်ရှင်ဇာတ်လမ်းတစ်ခုရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာကနေ ကူညီသရုပ်ဆောင်ပေးနေကြတာ ဖြစ်ပါတယ်။ ငယ်ငယ်က ပရိသတ်တွေကြည့်ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဟဲဗီးဖြိုးကလဲ သရုပ်ဆောင်ကောင်းသူတွေမှာ အပါအဝင်ဖြစ်ပါတယ်။ ဟဲဗီးဖြိုးရဲ့ အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်ကောင်းမှုတွေကို ပရိသတ်တွေသာမက အနုပညာရှင်တွေကပါ နှစ်သက်သဘောကျကြတာဖြစ်ပါတယ်။

ဟဲဗီးဖြိုးက အခုလက်ရှိမှာ သရုပ်ဆောင်အလုပ်နဲ့ အနည်းငယ် အလှမ်းဝေးနေတာဖြစ်ပြီး သူ့ကို သတိရနေတဲ့ ပရိသတ်တွေကတော့ ဟဲဗီးဖြိုးတစ်ယောက် အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်နေတဲ့ ဆန္ဒရှိကြပါတယ်။

ပရိသတ်တစ်ယောက်လုပ်ထားတဲ့ ပုံလေးကိုကြည့်ပြီး တကယ်ရင်ထဲတောင် မကောင်းဘူး

“ပေါ်ပင်​မလုပ်​တက်​တာ ကျွန်​​တော်​အားနည်းချက်​​လေဗျာ။ Com​တွေထဲကမိတ်​​ဆွေးအားလုံးကို​ကျေးဇူးတင်​ပါတယ်​။ ​အော်​..​.​ကောင်းတဲ့ဘက်​ကကြည့်​ရင်​​ကောင်းတာမြင်​ပါလိမ့်​မယ်​။ မ​ကောင်းတဲ့ဘက်​ကကြည့်​ရင်​မ​ကောင်းတဲ့လူဖြစ်​သွား​ရော​ပေါ့ဗျာ..လူ့အလိုနတ်​​တောင်​မလိုက်​နိုင်​ဘူးတဲ့…” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်မှာ ပြောထားပါတယ်။

ဟဲဗီးဖြိုးကို ချစ်တဲ့ ပရိသတ်တွေကတော့ ဟဲဗီးဖြိုး အနုပညာလောကထဲ ပြန်ဝင်လာမည့် အချိန်တွေကို စောင့်မျှော်နေတာပဲ ဖြစ်ပါတယ်။ ဟဲဗီးဖြိုးတစ်ယောက် အရင်လိုပဲ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit: Burmese.asia

Loading...

Facebook Comments