ချစ်သူမိန်းကလေးနဲ့ စကားများပြီး ထိုင်းအမျိုးသားတစ်ဦး ရှစ်ထပ်တိုက်ပေါ်က ခုန်ချသေဆုံး

ဘန်ကောက် ၊ မတ် – ၈

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချက်တက်ချက်ခ်ခရိုင်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့နှောင်းပိုင်းက (၂၆)နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ချစ်သူမိန်းကလေးနဲ့ စကားများခဲ့ပြီးတဲ့နောက် ရှစ်ထပ်တိုက် ပေါ်ကနေ ခုန်ချကာ သတ်သေသွားခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်ရဲတပ်ဖွဲ့က အတည်ပြု ကြေညာလိုက်ပါတယ်။ ယင်းဖြစ်ရပ်က သက်ဆိုင်ရာရပ်ကွက်စခန်းဆီ ည(၁၁)နာရီမှာ သတင်းရောက် ရှိလာခဲ့ပြီး အဆောက်အဦရဲ့အနောက်ဘက် ကားပါကင်နေရာမှာ ပန်ယကွမ်မူအန်ဆိုသူရဲ့ အလောင်း ကို တွေ့ရှိခဲ့ကြရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိသွားချိန်မှာ သေဆုံးသူရဲ့ရည်းစားမိန်းကလေး ဆက်ကူလ်သစ်ဝီရိယ (၂၅)နှစ်ဟာ အလောင်းဘေးမှာ ငိုကြွေးနေခဲ့ပြီး စစ်ဆေးမှုအရ သေဆုံးသူဟာ ဂစ်တာသမားတစ်ဦး ဖြစ်ကာ သူမက အဆိုတော်လို့သိရပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ သွားရောက်ဖျော်ဖြေဖို့ ပြင်ဆင်နေ စဉ် စကားများခဲ့ကြတာ ဖြစ်ပါတယ်။ စိတ်ကျရောဂါခံစားနေခဲ့ရသူ ပန်ယဟာ ဆက်ကူလ်သစ် နဲ့စကား များနေခဲ့ရင်း နေထိုင်ရာအခန်းနောက်ဘက်ဆီကို ပြေးထွက်သွားခဲ့ကာ ၀ရန်တာကနေ ခုန်ချသွားခဲ့ တာလို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Credit : Channel B Media Group

Loading...

Facebook Comments