တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား ရမန်ရယူပြီး ထားဝယ်အကျဉ်းထောင်သို့ ပို့

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား ကော့သောင်းမြို့နယ် ၂ မိုင် (အေးမြကန်သာ ရပ်ကွက်) ရှိ မြို့မရဲစခန်း ရဲရိပ်သာတွင် အကျယ်ချုပ်ထားရှိပြီး ယနေ့နံနက် ၁၀ နာရီခန့်က ရမန်ယူခဲ့ကြောင်း သိရသည်။

“မြို့နယ်တရားရုံးမှာ ရမန်ယူပါတယ်။ ခရီးသွား ရမန်ယူပါတယ်။ နေ့လယ် ၂ နာရီကျရင် ဝန်ကြီးချုပ်ဟောင်းကို လေကြောင်းခရီးစဉ်နှင့် ထားဝယ်ကို ပို့ဆောင်ပါ့မယ်” လို့ ကော့သောင်းမြို့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့သည်။

လက်ရှိအနေထားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးကို နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျမှ ယာယီတာဝန်ယူထားကြောင်း သိရသည်။

မတ်လ ၁၁ ရက်နေ့တွင် ကော့သောင်းမြို့နယ် ချန်းဖန်းကျေးရွာတွင် ယာယီဝန်ကြီးချုပ် ဗိုလ်မှူးကြီး ကျော်ဇေယျနှင့် ပြည်သူများတွေ့ဆုံရန် စီစဉ်ထားသော်လည်း ဝန်ကြီးချုပ်ဟောင်း ရမန်ယူရန်ကိစ္စနှင့် ထားဝယ်သို့ ပို့ဆောင်ရန်အတွက် လုံခြုံရေးကိစ္စများ ဆောင်ရွက်နေခြင်းကြောင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ပြည်သူများနှင့် ဝန်ကြီးများသာ ချန်းဖန်ရွာတွင် တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်ဟောင်းကို နေ့လယ် ၂ နာရီတွင် ထားဝယ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

Loading...

Facebook Comments