ခင်ပွန်းကို သတ်ပြီး၊ လင်ငယ်ကို မျက်နှာခွဲစိတ်စေကာ ပေါင်းသင်းနေထိုင်ခဲ့တဲ့ အမျိုးသမီး

န္ဒိယနိုင်ငံမှာ၊ ခင်ပွန်းမသိအောင် နောက်ကွယ်မှာ လင်ငယ်နဲ့ဖောက်ပြန်နေတဲ့ အမျိုးသမီးတစ်ဦးဟာ၊ လက်ရှိခင်ပွန်းကို ညည်းငွေ့လာတဲ့အတွက် အကွက်ချပြီး သတ်ဖို့ ကြံစည်ခဲ့ပါတယ်။ အဆိုပါအမျိုးသမီးဟာ အသက်(၂၈)နှစ်ဖြစ်ပြီး နာမည်ကတော့ Swathi Reddy ဖြစ်ပါတယ်။

Swathi ဟာ တောထဲမှာ ခင်ပွန်းသည်ကို လှည့်ဖျားခေါ်ဆောင်သွားပြီး လင်ငယ်ဖြစ်သူ Rajesh နဲ့ သတ်ခဲ့တာပါ။ သေဆုံးသူ လင်ကြီးရဲ့အမည်ကတော့ Sudhakar Reddy ဖြစ်ပြီး၊ သူရဲ့အလောင်းကို ပြစ်မှုကျူးလွန်သူတွေက သစ်ကိုင်းခြောက်တွေနဲ့ ဖုံးပြီး မီးရှို့ ဖျောက်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

Reddy နဲ့ Swathi တို့ဟာ မိဘတွေပေးစားလို့ ယူခဲ့ကြသူတွေဖြစ်ပြီး၊ Rajesh ကတော့ သူမရဲ့ အရင်ရည်းစား ဖြစ်ပါတယ်။ Swathi ဟာ အိမ်ထောင်သည် ဖြစ်သွားပေမယ့်၊ ရည်းစားဖြစ်တဲ့ Rajesh နဲ့ မပြတ်နိုင်ခဲ့ပါဘူး။ နောက်ဆုံး ခင်ပွန်းသည်ကွယ်ရာမှာ တိတ်တိတ်ပုန်း လင်မယားတွေအဖြစ် နေထိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အားမရတော့ဘဲ၊ ခင်ပွန်းသည်ကို သတ်ဖို့ ပြင်ဆင်ခဲ့ကြတော့တာပါ။

ခင်ပွန်းသည်ကို သတ်ပြီးချိန်မှာတော့ Rajesh ကို မျက်နှာခွဲစိတ်ပြုပြင်စေကာ၊ သေဆုံးသူ Reddy ရဲ့နေရာမှာ အစားထိုးပြီး ဟန်မပျက် ဝင်ရောက်စေခဲ့ပါတယ်။ ဒါမေပယ့် သေဆုံးသူ Reddy ရဲ့ မိဘနဲ့ ဆွေမျိုးသားချင်းတွေက ဒီလူဟာ Reddy မဟုတ်မှန်း ချက်ချင်းသိရှိခဲ့ပါတယ်။ အကြောင်းကတော့ Reddy နဲ့ Rajesh တို့ဟာ အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက်က လုံးဝ မတူညီပါဘူး။

ဒါကြောင့် Reddy ရဲ့မိဘတွေက တရားလိုပြုလုပ်ပြီး ရဲကို တိုင်ခဲ့ရာ၊ အမှုအမှန်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ အမှုကို ခိုင်လုံစွာတည်ဆောက်ပြီးနောက် တရားခံ နှစ်ဦးဖြစ်တဲ့ Swathi နဲ့ Rajesh တို့ကို ထိုက်တန်တဲ့ ထောင်ဒဏ်တွေ စီရင်နိုင်ခဲ့ကြောင်း သိရပါတယ်။

Credit:နတ်သူကြီး (SearchMyanmar)

Loading...

Facebook Comments