ခင်ပွန်းရဲ့ငယ်ပါ သေးသေးလေးကိုဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်လိုက်တာကြောင့်လင်မယားကွဲ

ကျိုးပဲ့သွားတဲ့ အိမ်ထောင်ရေးတိုင်းမှာတော့ မုသားဟာ နောက်ကွယ်မှာ အစဉ်အမြဲရှိနေပါတယ်။

အချစ်ရုပ်ရှင်၊ ၀တ္ထုတွေထဲကလိုတော့ ဇာတ်ကောင်တွေဟာ အစဉ်အမြဲ မရိုးဖြောင့်နိုင်ပါဘူး။ အစစ်အမှန် ဘ၀ဆိုတာကလည်း ရုပ်ရှင်တွေထဲကလိုမျိုးမှ မဟုတ်ဘဲ။

အမှန်တရား တစ်ခု ပေါ်ထွက်လာရုံနဲ့ တွဲခဲ့သမျှ ရွှေလက်နှစ်စုံဟာ သည်းခံမှု ကုန်ခန်းလို့ ကွာပြဲသွားတတ်ပါတယ်။

အခု လအစောပိုင်းမှာ အမည်မဖော်တဲ့ စုံတွဲတစ်တွဲရဲ့ လူမှုမီဒီယာ Reddit ပေါ်က ဇာတ်လမ်းကတော့ ပြောစမှတ်ပါပဲ။

ညားကာစမှာပဲ ကွာပြဲသွားရတဲ့ စုံတွဲပါ။ ဇနီးဖြစ်သူဟာ လက်မထပ်ခင် ရှေးရိုးစွဲတစ်ဦးလို သူနဲ့ လိင်ဆက်ဆံဖို့ ငြင်းခဲ့ကြောင်း ဇနီးဖြစ်လာမယ့် အမျိုးသမီးက ရေးပါတယ်။

ဒါပေမယ့် သူတို့နှစ်ဦးရဲ့ ဟန်နီမွန်းခရီးမှာပဲ သူ တစ်သက်လုံး ပိုင်ဆိုင်ရမယ့် ခင်ပွန်းသည်ရဲ့ အရှိတရားကို တွေ့မြင်ရတော့တာ ဖြစ်ပါတယ်။

သူ့ခင်ပွန်းသည်ရဲ့ ငယ်ပါဟာ အလွန်သေးငယ်လို့ နေတာပါပဲ။ ဒါကို အမျိုးသမီးဟာ ဒီတိုင်းမထားဘဲ Reddit ပေါ် ဓာတ်ပုံရိုက် တင်လိုက်ပါတော့တယ်။

သေးငယ်တဲ့ ငယ်ပါပုံ တင်ထားတဲ့ ဇနီးသည်ရဲ့ ပို့စ်ကို ခင်ပွန်းသည်က တွေ့ရှိလိုက်ချိန်မှာတော့ ဟန်နီမွန်းခရီး ပျားရည်မဆမ်းနိုင်ဘဲ ဇာတ်လမ်းပြတ်လို့ စလယ်ဝင် ဖင်မမည်းခင်မှာပဲ သူတို့ အိမ်ထောင်ရေးဟာ ကွာပြဲသွားရတော့တာပဲ ဖြစ်ပါတယ်။

AsiaOne

Loading...

Facebook Comments