စာမေးပွဲဖြေနေတဲ့ကျောင်းသူတစ်ဦးကိုအရေးပေါ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရ

ကျိုက်မရောမြို့အထကကျောင်း၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသော ကျောင်းသူတစ်ဦး မူးမေ့သွားသဖြင့် အရေးပေါ် ကျိုက်မရောဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ရ။အမြန်နေပြန်ကောင်းပါစေ..။ စိတ်လှုပ်ရှားလွန်းလို့လည်း ဖြစ်နိုင်ပါတယ်..။ Kyaikmayaw Ambulance

နောက်ထပ် ကျောင်းသား ကျောင်းသူများ အခုလို မဖြစ်ကြရလေအောင် အောက်က စာလေးကို ထည့်သွင်း မျှဝေပေးလိုက်ပါတယ်…

စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အတွက် စိတ်ဖိစီးမှုလျော့နည်းစေမည့် နည်းလမ်းများ

စာမေးပွဲဖြေဆိုသူများစိတ်ဖိစီးမှုလျော့နည်း

လူအများစုမှာ စာမေးပွဲကြောင့် စိတ်ဖိစီးမှုအနည်းအများတော့ ခံစားကြရမှာပါ။ စာမေးပွဲဖြေဆိုတဲ့နေ့  မတိုင်မှီ မှာ စိတ်ဖိစီးနည်းနည်းရှိတာဟာကောင်းကျိုးရစေပါတယ်။

စိတ်ဖိစီးမှုမရှိရင်သင်ထားတဲ့သင်ခန်းစာများကိုပြန်လည်ကျက်မှတ်လေ့လာဖိုတွန်းအားနည်းနေတတ်လိုပါ။စာမေးပွဲနဲမကင်းနိုင်တဲ့သူတွေအတွက် စာမေးပွဲရက်တွေဟာပျော်ရွင်ဖွယ်မကောင်းတဲ့နေ့ တွေပါဘဲ။ဒီလိုရက်တွေမှာစိတ်ဖိစီးမှုကိုကောင်းကောင်းထိန်းချုပ်ပြီး သင်ခန်းစာတွေကိုလေ့လာမှတ်သားနိုင်ရင်တော့အောင်စာရင်းမှာ ကောင်းတဲ့ရလဒ်ကိုရှိမှာပါ။

စာမေးပွဲတွင်း စိတ်ဖိစီးမှု ပူပန်းမှု ခံစားရတဲ့အခါ စာကျက်မှတ်ရခက်ခဲခြင်း|နံနက်ခင်းအိပ်ယာကမထနိုင်ခြင်း|ကျက်ပြီးသားသင်ခန်းစာများမေ့လွယ်ခြင်း|နာကျင်ကိုက်ခဲခြင်း|အစာစားလိုခြင်းမရှိခြင်း|

အားကစားလှုပ်ရှားမှုစိတ်ဝင်စားမှုနည်းပါးခြင်း|ဂနာမငြိမ်ခြင်း|နှလုံးခုန်နှုန်းမြန်ခြင်း|ခေါင်းကိုက်ခြင်းနှင့် မှူးဝေးအားနည်းခြင်း စသော လက္ခဏာများဖြစ်ပေါ်လာတတ်ပါတယ်။ဒီလက္ခဏာတွေထဲက (၃)မျိုးနှင့်အထက်ခံစားရင်တော့ စိတ်ဖိစီးမှုကို ဂရုတစ်စိုက်ထိန်းချုပ်ဖို့ လိုနေပါပြီ။

စာမေးပွဲတွင်စိတ်ဖိစီးမှုလျော့နည်းအောင်အောက်ပါနည်းလမ်းများကိုအသုံးပြုပါ။

၁။ ကောင်းမွန်စွာစားသောက်ပါ။

စာမေးပွဲတွင်း စွမ်းအင်ပိုမိုလိုအပ်ပါတယ်။လတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များများစားပေးပါ။ကောင်းမွန်ပြည့်ဝတဲ့နံနက်စားဟာ စာကျက်မှတ်နေရသူတွေကိုအပြည်လန်းဆန်းစေပါတယ်။စာကျက်မှတ်ရလွန်းလိုငြီးငွေ့ သလိုခံစားရင်သစ်သီးဖျော်ရည်အေးအေး ( သို့  )နွားနို့ ပူပူတစ်ခွက်သောက်ပေးပါ။

၂။ စိတ်ဖိစီးမှုခံစားရတာကိုသတိပြုမိပါစေ။

စိတ်ဖိစီးမှုခံစားရတဲ့အခါ မခံစားရသလိုလျှစ်လျှူရှူမထားဘဲ ခံစားနေရတဲ့စိတ်ဖိစီးပူပန်မှုတွေ ပြေပျောက်သွားအောင် အားပေးဖေးမပေးပါ။အားပေးတတ်သောမိဘဒါမှမဟုတ် မိတ်ဆွေတစ်ဦးဦးနှင့် စကားစမြည်းပြောဆိုလိုက်ပါ။

၃။ သူငယ်ချင်းနဲ့ သွားမယှဉ်ပါနှင့်။

တစ်ကယ်လို့ သင်သူငယ်ချင်းကသင်ခန်းစာတစ်ခုကိုလေးကြိမ်ဘဲကြည့်ရသေးတယ်လိုသင်ရှေ့မှာညည်းထွားနေရင်နှစ်ကြိမ်လောက်ဘဲလေ့လာခဲရတဲ့သင်ကိုအကြီးအကျယ်ထိတ်လန့် သွားစေနိုင်ပါတယ်။လူတစ်ဦးနှင့်တစ်ဦး သင့်ခန်းစာလေ့လာပုံချင်းမတူပါဘူး။တစ်ချိုကဖြည်းဖြည်းမှန်မှန်လေ့လာပြီး အားလုံးကိုမှတ်မိနေတတ်ပါတယ်။မြန်မြန်နဲအကြိမ်ရေများများလေ့လာပေ့မယ်ကျက်မှတ်ပြီးသား မေ့သွားတတ်တဲ့သူများလည်ရှိပါတယ်။ဒါကြောင့် သင့်ရွေးချယ်ထားတဲ့စာကျက်မှတ်တဲ့နည်းလမ်းဟာသင့်အတွက်ကောင်းဆုံးပါဘဲ။

၎။ အိပ်ရေးဝအောင်အိပ်ပါ။

အိပ်ယာမဝင်ခင် ခန္ဓာကိုယ်ကို အကြောလျော့ပြီးအနားယူပါ။အိပ်ယာထဲရောက်တဲ့အခါစာမကျက်ပါနဲတော့။အိပ်ချိန် (၈)နာရီရှိမှသာ မှတ်သားဥာဏ်စွမ်းအားကောင်းမွန်ပြည့်ဝတတ်ပါတယ်။

၅။ မကောင်းတဲ့အလေ့အထတွေရှောင်ပါ။

အရက်|စီးကရက်နှင့်စိတ်ကြွဆေးများ မှီဝဲရင် ပို့ ပြီးစိတ်ဖိစီးမှုကိုခံစားရတာ ဦးနှောက်ကိုထိုင်းမှိုင်းလေးလံစေပါတယ်။

၆။ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။

ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာဟာစိတ်ဖိစီးမှုကိုအကောင်းဆုံးကုသနည်းတစ်မျိုးဖြစ်ပါတယ်။သင့်အချိန်ဇယားထဲမှာအားကစားအစိစဉ်ကိုထည့်သွင်းပြီးပြုလုပ်အောင်ကြိုးစားပေးပါ။

၇။ အသက်ပြင်းပြင်းမရှူပါနဲ့ ။

အသက်ပြင်းပြင်းရှူတာဟာစိတ်ပူပန်ထိတ်လန့် မှုကို ပိုဆိုးစေပါတယ်။စာမေးပွဲဖြေဆိုချိန်မှာ အာရုံစူးစိုက်လိုမရအောင်စိတ်ဖိစီးနေရင်တော့ နာခေါင်းကနေ အသက်ရှူသွင်း/ရှူထုတ်တာကို ခဏတာအာရုံပြုပြီတစ်ကနေ ငါးထိရေရွတ်လိုက်ပြီ စိတ်ငြိမ်မှုကိုရယူပါ။

၈။ စာမေးပွဲဖြေဆိုချိန်မှာစိတ်မညှစ်ပါစေနဲ့ ။

စာမေးပွဲဖြေဆိုပြီလို တစ်ပုဒ်တစ်လေပုစ္ဆာမှားတွက်မိခဲ့တာမျိုး|မေးခွန်းနဲအဖြေမကိုက်ညီတာမျိုးကြုံခဲ့ရင်စိတ်မညှစ်ပါနဲတော့|နောက်တစ်နေ့ ဖြေရမယ့်ဘာသာရပ်အတွက် အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။စာမေးပွဲမဖြေဆိုနိုင်ဘူးဆိုရင်တောင့်စိတ်ဖိစီးမှုပူပန်မှုတွေနဲ့  စိတ်မညှစ်ပါနှင့် စာမေးပွဲဆိုတာဘဝရဲအစိတ်အပိုင်းတစ်ရပ်ပါ။နောက်ထပ်ကြုံရမယ် စာမေးပွဲပေါင်းများစွာဖြေဆိုနိုင်ဖို့ ကိုသာအားမွေးပြင်ဆင်ထားသင့်ပါသည်။

Aung Win Hlaing

Loading...

Facebook Comments