တေးရေးဆရာဖေကမ္ဘာငြိမ်းချမ်းသေဆုံးရတဲ့ အကြောင်းကို ရဲတပ်ဖွဲ့ပြောကြား( ရုပ်သံ )

အဆိုတော်ဂျီလတ်၏ညီဖြစ်သူ တေးရေးဆရာဖေကမ္ဘာငြိမ်းချမ်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ ရပ်ကွက်ရှိ သီရိမဏ္ဍိုင်လမ်းမပေါ်မှာ သေဆုံးခဲ့ခြင်းမှာ ယာဉ်တိုက်မှု ကြောင့် သေဆုံးခြင်းဖြစ်တယ်လို့ ပုဗ္ဗသီရိမြို့နယ် ထုံးဖိုမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးကျော်အောင်က ပြောပါတယ်။

နေပြည်တော် ပုဗ္ဗသီရိမြီု့နယ်၊ မင်္ဂလာဒီကရပ်ကွက်၊ သီရိ မဏ္ဍိုင်လမ်းမကြီးပေါ်တွင်ဒဏ်ရာဖြင့် လဲနေသော တေးရေးကမ္ဘာ(ခေါ်) ဖေကမ္ဘာငြိမ်းချမ်း ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောသည်။ElevenMediaGroup

အစောပိုင်းသတင်း ။ အဆိုတော်ဂျီလတ်၏ ညီလည်းဖြစ်သူ တေးရေးကမ္ဘာ သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပုဗ္ဗသီရိမြို့နယ်၊ ထုံးဖိုရဲစခန်းက အမှုဖွင့်ထားပြီး အသေးစိတ် စုံစမ်းမှုများ စတင်နေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရှိရသည်။

တေးရေးကမ္ဘာ၏ အလောင်းကို နေပြည်တော်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သူ သဗ္ဗသုခ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောဆိုသည်။

“ကျနော်ကို ဖုန်းဆက်တာတော့ ပုဗ္ဗသီရီက မြို့နယ်မှူးနဲ့ စခန်းမှူး ဖုန်းဆက်ပြီးတော့ ဝိုင်းလုပ် ပေးဖို့ အကူညီတောင်းလို အသင်းအနေနဲ့ သွားလိုက်တာပါ။ အဲ့မှာ ဒီကောင်လေးက မနက်ပိုင်း အရုဏ်ပိုင်း ဖြစ်ထားတာတွေ့ရတာ။ ကျနော်တို့ သိရသလောက် ၊သွေးထွက်တဲ့အပေါက်က အဲဒီအပေါက်ကလေး တစ်ပေါက်ပဲ ရှိတယ်။ ကျနော်တို့ သေချာစစ်ဆေးရသလောက်တော့ ၊ ကျနော်တို့ ရောက်တဲ့အချိန် သူက ဆုံးနေပြီ ။

ဆုံးတဲ့အချိန် မှန်းရင်တော့ အာရုဏ်တက်ပိုင်း အချီန်လောက်ဖြစ်မယ်လို့ မှန်းထား တယ်။ အလောင်းကို ရင်ခွဲရုံ ပို့ပေးတာပဲ ရှိတယ်။သူတို့ဘာသာ သူတို့ ကျန်တာတွေတော့ မှုခင်း ဆရာဝန်ကြီးတွေ ထပ်စစ်ဆေးပါတယ်” ဟု သဗ္ဗသုခ နာရေးကူညီမှုအသင်း တာဝန်ရှိသူက ဆိုသည်။

ရဲမင်

Loading...

Facebook Comments